ကာတာကလပ်က ဖာဘရီဂတ်စ်ကို မက်လောက်ဖွယ်လစာနဲ့ ကမ်းလှမ်း

29-7-2020-yyl-005.jpg

ကာတာကလပ် အယ်ဂါရာဖာအသင်းက ချဲလ်ဆီးကစားသမားဟောင်း ဖာဘရီဂက်စ်ကို မက်လောက်ဖွယ် လုပ်ခလစာနဲ့ ကမ်းလှမ်းထားပါတယ်။ အာဆင်နယ်၊ ဘာစီလိုနာ၊ ချဲလ်ဆီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ်ဟာ ပြင်သစ်ကလပ် မိုနာကိုအသင်းမှာ ကစားနေသူဖြစ်ပြီး စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေပါသေးတယ်။ အသက် ၃၃ နှစ် ရှိနေတဲ့ ဖာဘရီဂတ်စ်ဟာ ဒီရာသီမှာ ခြေစွမ်းကျဆင်းနေပြီး ပွဲစဉ် ၂၂ ပွဲ ကစားပြီးချိန်မှာ တစ်ဂိုးမျှ မသွင်းနိုင်ဘဲ ဂိုးဖန်တီးမှု ၃ ကြိမ်ပဲ လုပ်နိုင်ခဲ့ပါတယ်။

သူဟာ မိုနာကိုအသင်းရဲ့ လုပ်ခလစာ အများဆုံးကစားသမားဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၁၁၀၀၀၀ ရရှိနေသူပါ။ ဒါပေမဲ့ အယ်ဂါရာဖာအသင်းက မက်လောက်ဖွယ်ငွေကြေးပေးပြီး ဖာဘရီဂတ်စ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာပါ။ ဖာဘရီဂတ်စ်အနေနဲ့ အယ်လ်ဂါရာဖာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံမယ်ဆိုရင်တော့ ချဲလ်ဆီးကွင်းလယ်လူဟောင်း ဂျိုကာနိုဗစ်ရဲ့ လက်အောက်မှာ ကစားရမှာပါ။ ကပ်ရောဂါကာလမှာ ဘဏ္ဍာရေးထိခိုက်ခဲ့တဲ့ မိုနာကိုအသင်းကလည်း ဖာဘရီဂတ်စ်ကို ရောင်းထုတ်မယ့်အလားအလာ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top