မက်ဆီနဲ့ နှိုင်းယှဉ်ခံရလို့ လာလီဂါရဲ့ အသက်အငယ်ဆုံး ကစားသမား စိတ်ပျက်

29-7-2002-yyl-031.jpg

လာလီဂါရဲ့ အသက်အငယ်ဆုံး ကစားသမားက မက်ဆီနဲ့ နှိုင်းယှဉ်ခံရတဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လက ရီးရဲလ်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ မာယော့ကာအတွက် ပါဝင်ခွင့်ရခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် ကစားသမား ရိုမီရိုဟာ လာလီဂါရဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သူပါ။ ရိုမီရိုရဲ့ ဘောလုံးကျွမ်းကျင်မှုကြောင့် သူ့ကို မက်ဆီနဲ့ နှိုင်းယှဉ်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ရိုမီရိုကတော့ ဘောလုံးလောကမှာ ကိုယ်ပိုင်နာမည် ကျန်ရစ်အောင် ကြိုးစားချင်တဲ့အတွက် အဲဒီလိုနှိုင်းယှဉ်မှုတွေကို စိတ်ပျက်တယ်လို့ ဆိုပါတယ်။

” မက်ဆီဆိုတာ တစ်ယောက်ပဲ ရှိပါတယ်။ ကျွန်တော့်ကို မက်ဆီနဲ့ ခိုင်းနှိုင်းမှုတွေကြောင့် စိတ်ပျက်မိတယ်။ ကျွန်တော်က လူကာရိုမီရိုအဖြစ် ဘောလုံးလောကမှာ နာမည်ကျန်ရစ်အောင် ကစားချင်ပါတယ်”လို့ သူက ပြောပါတယ်။ ရိုမီရိုဟာ အသက် ၇ နှစ်အရွယ်ကတည်းက ဘာစီလိုနာအသင်းမှာ လာရောက်စမ်းသပ်လေ့ကျင့်ခဲ့ဖူးပြီး သူ့ရဲ့အလိမ်အခေါက် ကစားဟန်ကြောင့် မက္ကဆီကန်မက်ဆီလို့ ချစ်စနိုး ခေါ်ဝေါ်ခံရသူပါ။

Nz (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top