ရီးရဲလ်မှာ နေ့တိုင်း သူ အားကျအတုယူခဲ့ရတဲ့ ကစားသမား ၃ ယောက်ကို ရာမို့စ် ထုတ်ပြော

16-9-2020-yyl-023.jpg

ရီးရဲလ်အသင်းမှာ နေ့စဉ်နေ့တိုင်း သူ အားကျအတုယူခဲ့ရတဲ့ ကစားသမား ၃ ယောက် ရှိခဲ့တယ်လို့ ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်က ပြောပါတယ်။ အသက် ၃၄ နှစ်ရှိတဲ့ စပိန်ဗဟိုနောက်ခံလူ ရာမို့စ်က ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။ သူဟာ ၂၀၁၅ ခုနှစ်မှာ ဆီဗီလာကနေ ရီးရဲလ်ကို ပေါင် ၁၈.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ရီးရဲလ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။ ရီးရဲလ်ကို သူ ရောက်လာတုန်းက ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်၊ ဂိုးသမား ကာဆီးလက်စ်နဲ့ နောက်ခံလူ ဖေဘီယိုကန်နာဗာရိုတို့ကို နေ့စဉ်နေ့တိုင်း အားကျအတုယူပြီး လေ့လာခဲ့တယ်လို့ ရာမို့စ်က ပြောပါတယ်။

” ရီးရဲလ်ကို ကျွန်တော် ရောက်လာတော့ ရာအူးလ်၊ အိုင်ကာ(ကာဆီးလက်စ်)တို့ဆီကနေ သင်ယူခဲ့ရတယ်။ အိုင်ကာက အသက်ငယ်သေးပေမဲ့ အဲဒီအချိန်ကတည်းက အတွေ့အကြုံရင့် ကစားသမားဖြစ်နေပြီ။ ကန်နာဗာရိုဆီကလည်း ကျွန်တော် သင်ယူခဲ့တယ်။ တတ်နိုင်သလောက် လိုက်လျောညီထွေ ပြောင်းလဲကစားနိုင်အောင် ကြိုးစားသွားမှာပါ”လို့ ရာမို့စ်က ပြောပါတယ်။ ရာမို့စ်ဟာ ရီးရဲလ်အသင်းမှာ ၁၅ နှစ်ကြာ ကစားခဲ့တဲ့ကာလအတွင်း ပွဲပေါင်း ၆၅၀ ကစားခဲ့ပြီး ရီးရဲလ်နဲ့ စပိန်နောက်ခံလူတွေထဲမှာ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top