လက်ကိုင်ဖုန်းပေါက်ကွဲမှုကြောင့် မလေးရှား တစ်ဦး သေဆုံး

hassan-hero.png

မလေးရှား စီးပွားရေး ကုမ္ပဏီ Cradle Fund ရဲ့ စီအီးအိုဖြစ်သူ နက်ဇ်ရင်ဟာဆန်း (Nazrin Hassan) ဟာ အိပ်ပျော်နေစဉ် လက်ကိုင်ဖုန်း ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အစပိုင်းမှာ မီးခိုးမွှန်ပြီး အသက်ရှူကျပ် သေဆုံးခဲ့တယ်လို့ ဆိုပေမယ့် သူ့ရဲ့ကုမ္ပဏီကတော့ လက်ကိုင်ဖုန်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာရပြီး သေဆုံးသွားတာလို့ ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားသတင်းစာ The Malaysian Insight မှာတော့ မိသားစုရဲ့ ပြောပြချက်အရ ဟာဆန်းက ဘလက်ဘယ်ရီဖုန်း နဲ့ ဟွာဝေးဖုန်းတွေကို ကိုင်ထားသူဖြစ်သလို ဘယ်ဖုန်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်ဆိုတာ မသိရသေးကြောင်း အစီရင်ခံသွားခဲ့ပါတယ်။ ဒေသအာဏာပိုင်တွေကတော့ ဟာဆန်းရဲ့သေဆုံးမှုကို ဖုန်းပေါက်ကွဲမှုကြောင့်လို့ အတည်မပြုသေးပါဘူး။

“ဖုန်းကို အိပ်ရာဘေးမှာ အားသွင်းထားပြီး အိပ်ပျော်နေတုန်း ဖုန်းပေါက်ကွဲမှုနဲ့ သေသွားတယ်ဆိုတာ ဟာဆန်းမိသားစုရဲ့ ထွက်ဆိုမှုပါ။ ကျွန်တော်တို့ဘက်က အခုချိန်ထိ အတည်ပြုဖို့ စောနေပါသေးတယ်” လို့ ဒေသရဲ့ မီးသတ်နဲ့ကယ်ဆယ်ရေးဌာန ဒါရိုက်တာက ပြောသွားပါတယ်။

Ref: androidpolice.com “Malaysian CEO reportedly killed in his sleep by exploding smartphone”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top