ONE: LEGENDARY QUEST ပြိုင်ပွဲမှ နာမည်ကျော်တို့၏ ထိပ်တန်းချုပ်ကွက်များ

190615-SH-apphero-1920x1080px-600x3381.jpg

အထိုးအကြိတ်ထက် အပူးအသတ်ကိုပိုမိုအားသန်သည့်ကမ္ဘာ့ချန်ပီယံများ၏ အံမခန်းယှဉ်ပြိုင်ပွဲနှင့် အကြိတ်အနယ်ပွဲပေါင်းများစွာနှင့်အတူ ONE Championship အဖွဲ့သည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းသို့ ONE: LEGENDARY QUEST ပြိုင်ပွဲနှင့်အတူ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

ONE Championship အက်တမ်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် Stamp Fairtex နှင့် Alma Juniku တို့သည် လာမည့် ဇွန်လ (၁၅) ရက်၊ စနေ့နေ့တွင် ONE Super Series အဓိကပွဲစဉ်အဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။ သို့သော် ၎င်းကမ္ဘာ့ချန်ပီယံလုပွဲသာမကဘဲ အခြားသောထိပ်တန်းအဆင့် ကိုယ်ခံပညာသိုင်း ပေါင်းစုံအားကစားပြိုင်ပွဲများစွာလည်း ပါဝင်မည်ဖြစ်သည်။

အချို့သောအားကစားသမားများသည် မြေပြင်နည်းစနစ်များတွင် မြင့်မားသည့်ကျွမ်းကျင်ပိုင်နိုင်မှုများဖြင့် ပြိုင်ပွဲဝင်ကြမည်ဖြစ်ရာ ၎င်းတို့၏ ယှဉ်ပြိုင်ထိုးသတ်မှုသည် မတ်တပ်ရပ်ထိုးသတ်ယှဉ်ပြိုင်သည့် အားကစားသမားများ၏ ထိုးသတ်မှုကဲ့သို့ပင် လွန်စွာစိတ်လှုပ်ရှားဖွယ်ကောင်းမည်ဖြစ်သည်။

ယခုဖော်ပြမည့် ပွဲသိမ်းထိုးနှက်ယှဉ်ပြိုင်မှုများအတိုင်းသာ ထပ်မံစွမ်းဆောင်ပြနိုင်မည်ဆိုလျှင် Baoshan Arena အားကစားရုံတွင်လည်း ပရိသတ်များအကြိုက်ပွဲစဉ်များဖြစ်မည် အမှန်ဖြစ်လာပါလိမ့်မည်။

၁။ ကွာလာလမ်ပူတွင် အစွမ်းပြခဲ့သည့် Thani Agilan

“Alligator” Thani သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင်ကျင်းပခဲ့သော ONE: VISIONS OF VICTORY ပြိုင်ပွဲ၌ ပြိုင်ဘက် Amitesh Chaubey အား လွှမ်းမိုးချုပ်ကိုင်ပြီး ဒုတိယအချီအလဲထိုးဖြင့် အနိုင်ယူခဲ့သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ စိတ်လှုပ်ရှားနေသည့် အိမ်ရှင်ပရိသတ်များအရှေ့တွင် Thani သည် ပြိုင်ဘက်ကို နပမ်းချုပ်ကွက်ဖြင့် လဲပြိုစေခဲ့ပြီးနောက် အပေါ်စီးမှ ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့သည်။

ပြိုင်ဘက် Chaubey ၏ ညာဘက်လက်ကောက်ဝတ်အားချုပ်ထားပြီး အင်္ဂလိပ်ဂဏန်း “လေး” ပုံသဏ္ဍာန်အတိုင်းထိန်းချုပ်ကာ အမေရိကန်ပြိုင်ဘက်၏ပုခုံးအားချိုးရန် Thani က လုပ်ဆောင်ခဲ့သည်။ SFL ဝယ်တာဝိတ်ကမ္ဘာ့ချန်ပီယံ၏ ဘယ်လက်သည် Thani ၏ခြေထောက်များအကြားညှပ်ထားခံခဲ့ရပြီး မည်သို့မျှ လွတ်မြောက်နိုင်ဖြစ်ခဲ့ရသည်။ ထို့နောက် ချုပ်ကိုင်ထားမှုအား Thani က ညှစ်အားပေးလိုက်ချိန်တွင် ပြိုင်ဘက်မှာ လက်ပုတ်ပြီး အရှုံးပေးသွားခဲ့ရသည်။

Thani သည် ရှန်ဟိုင်း၌ ကျင်းပမည့်ပြိုင်ပွဲတွင် ဂန္တဝင်ဂျပန်ကိုယ်ခံပညာ အားကစားသမား Yoshihiro “Sexyama” Akiyama နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

၂။ ပွဲဦးထွက်တွင် လက်စွမ်းပြနိုင်ခဲ့သူ De Ridder

ကမ္ဘာ့အကြီးမားဆုံးကိုယ်ခံပညာအဖွဲ့ဖြစ်သော ONE Championship တွင် ပထမဆုံးအကြိမ်ပြိုင်ပွဲဝင်ခဲ့ချိန်မှာပင် Reinier De Ridder သည် ၎င်း၏စွမ်းဆောင်မှုများကြောင့် မစ်ဒယ်ဝိတ်တန်း၏ ထိပ်တန်းကစားသမားအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

ONE: HERO’S ASCENT ပြိုင်ပွဲတွင် ဒက်ချ်လူမျိုး အားကစားသမား Reinier သည် ပြိုင်ဘက် “King Kong Warrior” Fan Rong အား ခြေထောက်တစ်ဖက် အားဆွဲယူတွန်းလှဲသည့်နည်းဖြင့် အဖွင့်အချီစက္ကန့်ပိုင်းအတွင်း ပြိုင်ပွဲကြမ်းပြင်ပေါ်လဲကျအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့နောက် ၎င်းသည် ပြိုင်ဘက်အား အပေါ်စီးမှ ထိန်းချုပ်ထားနိုင်ခဲ့သည်။

အသက် (၂၄) နှစ်အရွယ် Reinier သည် ပွဲအစတွင် ကီမူရာနည်းဖြင့်ချုပ်ရန်ကြိုးစားသည်။ သို့သော် ပြိုင်ဘက်က ၎င်းလက်ကိုအလွတ်ရုန်းသောအခါ Reinier သည် ပြိုင်ဘက်၏ လည်ပင်းကိုချုပ်ရန် ထောင်ချောက်ဆင်လိုက်သည်။ ၎င်း၏တရုတ်ပြိုင်ဘက်လည်း ငါးစာကိုသာမြင်ပြီး ဆင်သည့်ထောင်ချောက်ထဲသို့ ကျခဲ့သည်။ Reinier သည် ညာလက်မောင်းဖြင့် အပေါ်မှမိုး၍ ပြိုင်ဘက်၏ ဒူးများအား လှုပ်ရှားခွင့်ပေးခဲ့သော်လည်း လည်ပင်းညှစ်သည့်ချုပ်ကွက်အား တန်း၍အကောင်အထည်ဖော်ခဲ့သည်။

ပြိုင်ဘက်လည်ပင်း၏ ညာဘက်အခြမ်းသို့ ၎င်း၏လက်မောင်းကို Reinier က ရွှေ့ယူခဲ့ပြီး လက်မောင်းကြွက်သားအားဖြင့် ညှစ်သည်။ ထို့နောက် Combat Brothers အသင်းကိုယ်စားပြုယှဉ်ပြိုင်သည့် Reinierသည် ပြိုင်ဘက် King Kong Warrior’s”၏ ဦးခေါင်းအားရင်ဘတ်ဖြင့် ဖိအားပေးရန် ညာဘက်သို့လှဲချ လိုက်သည်။ ထို့နောက် ၎င်း၏တင်ပါးအား အရှေ့ဘက်သို့ တွန်းရွှေ့ရာ ပြိုင်ဘက်မှာ ဖိအားဒဏ်မခံနိုင်ဘဲ အရှုံးပေးသွားခဲ့ရသည်။

လုံးထွေးသတ်ပုတ်မှုအထူးကျွမ်းကျင်သည့် Reinier သည် ပိုမိုခြိမ်းခြောက်နိုင်မည့်ပြိုင်ဘက် Gilberto “Giba” Galvao အား လာမည့် ဇွန်လ (၁၅) ရက်နေ့တွင် ထိုးသတ်ယှဉ်ပြိုင်မည်ဖြစ်သည်။

၃။ ပွဲချိန်နှောင်းပိုင်းမှ လက်လိမ်ချိုးကွက်ဖြင့် အနိုင်ယူခဲ့သူ Chen

ONE: KINGS & CONQUERORS ပြိုင်ပွဲတွင် “Rock Man” Chen Lei သည် ပြိုင်ဘက် Saiful “The Vampire” Merican အား သုံးချီစလုံးအကြိတ်အနယ်ရင်ဆိုင်ခဲ့ရသော်လည်း နောက်ဆုံးအချီ (၃)မိနစ် (၅၈) စက္ကန့်တွင် ချုပ်ကွက်အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

တရုတ်အားကစားသမား၏ နပမ်းစွမ်းရည်သည် ပွဲစဉ်တလျှောက်လုံး ပြိုင်ဘက်အားလွှမ်းမိုးထားနိုင်ခဲ့သည်။ သို့သော် ခံနိုင်ရည်မြင့်မားသော မလေးရှားအားကစားသမား Chen Lei သည် ပြင်းထန်ခက်ခဲသောအချီများကို ဖြတ်ကျော်နိုင်ခဲ့သည်။ ၎င်းသည် မြေပြင်တိုက်ခိုက်မှုများဖြင့် ရဲရဲရင့်ရင့်တိုက်ခိုက်ခဲ့သော်လည်း ပြိုင်ပွဲကို မပြောင်းလဲနိုင်ခဲ့ပေ။ သို့သော် တတိယအချီပြီးဆုံးလုနီးပါးအချိန်တွင် Chen Lei အခွင့်အရေးရရှိခဲ့သည်။

Saiful “The Vampire” Merican သည် ပြိုင်ဘက်အား ပွဲသိမ်းနိုင်ရန် ကြိုးစားခဲ့သည်။ သို့သော် Chen Lei သည် ပြိုင်ဘက်၏ ညာလက်မောင်းအား ထောင်ချောက်ဆင်ဖမ်းချုပ်နိုင်ခဲ့သည်။ ထို့နောက် သူ့ကိုယ်နေဟန်ထားအား ပြောင်းလဲပြီး Merican ၏ ဦးခေါင်းပေါ်မှ ခြေထောက်ကိုကျော်ကာ ပြိုင်ဘက်ကို
လက် လိမ်ချိုးသည့်နည်းစနစ် (ARMBAR) ဖြင့် တိုက်ခိုက်ရန် လုပ်ဆောင်လိုက်သည်။

Chen Lei သည် ၎င်း၏ကိုယ်အလေးချိန်ကိုအသုံးချပြီး နောက်ပြန်လှန်ချရန်ကြိုးစားသည်။ ၎င်းဖိအားပေးမှုက ပြင်းထန်သောကြောင့် ပြိုင်ဘက်မှာ အရှုံးပေးသွားခဲ့ရသည်။

၄။ ပထမအချီတွင် ချုပ်ကွက်ဖြင့် Yabo အား အနိုင်ယူခဲ့သည့် Engelen

ပြီးခဲ့သောနှစ်က ONE Championship ပြိုင်ပွဲသို့ Anthony “The Archangel” Engelen သည် အောင်ပွဲနှင့်အတူ ပြန်လာနိုင်ခဲ့သည်။

ကိုယ်ခံပညာအားကစားပြိုင်ပွဲယှဉ်ပြိုင်ရန် ကမ္ဘာ့စင်မြင့်ပေါ်သို့ ပြန်လည်တက်ရောက်ယှဉ်ပြိုင်ခဲ့သော ပထမဆုံးပွဲစဉ်တွင် ၎င်းသည် ပြိုင်ဘက်အား လျှပ်ပြတ် သကဲ့သို့သောအမြန်နူန်းဖြင့် ပြိုင်ဘက်အား အလဲထိုးခဲ့ပြီးနောက် အင်ဒိုနီးရှားအားကစားသမား Engelen သည် ရက်သတ္တပတ်နှစ်ပတ်အကြာမှာပင်
ONE: WARRIOR’S DREAM ပြိုင်ပွဲတွင် Jimmy “The Silencer” Yabo အား အမြန်ဆုံးသောချုပ်ကွက်အလဲထိုးပွဲဖြင့် အနိုင်ခဲ့ပြန်သည်။

ပြိုင်ပွဲအစောပိုင်းမှာပင် ပြိုင်ဘက်အား Engelen မှ လှဲချနိုင်ခဲ့သည်။ ထို့နောက် တစ်ဝက်တပျက် အကာအကွယ်မဲ့နေသည့်အနေအထားဖြင့် Engelen သည် ပြိုင်ဘက်အားနောက်ကျောပေးအနေအထားအတိုင်း ချုပ်ကိုင်နိုင်ရန် အပြင်းအထန်ကြိုးစားခဲ့ရသည်။

ထိုကဲ့သို့ ကိုယ်ဟန်အနေအထားအပြောင်းအလဲကိုအသုံးချပြီး အန္တရာယ်ကြီးသည့်အနေအထားမှ လွတ်မြောက်အောင်ရုန်းထွက်ရန် Yabo က ကြိုးစားခဲ့ သည်။ သို့သော် သူ့ရည်ရွယ်သည့် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး Engelen သည် ကြိုတင်တွက်ဆထားပြီးဖြစ်သည့်အတိုင်း ပြိုင်ဘက်ရုန်းကန်သည်ကို အလိုက် သင့်လိုက်သွားရင်း နောက်ဘက်မှအပိုင်ချုပ်ခဲ့ရာ Yabo အရှုံးပေးသွားခဲ့ရသည်။

ONE: LEGENDARY QUEST ပြိုင်ပွဲတွင် Engelen သည် ၆၇.၅ ကီလိုတန်း၌ Chen နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top