ပဲပင်ပေါက်စားသုံးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

69038255_2420006814923726_8934999866652753920_n.jpg

စာဖတ်ပရိသတ်တွေထဲမှာ ပဲပင်ပေါက်ကြိုက်တဲ့သူရှိကြလား။ တကယ်တော့ ပဲပင်ပေါက်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိမှာပါ။ ကိုယ်အလေးချိန်ကျချင်တဲ့သူတွေ (သို့) ကျန်းမာရေးကောင်းအောင် နေထိုင်နေကြတဲ့သူတွေအတွက် ပဲပင်ပေါက်က ကောင်းတဲ့ရွေးချယ်မှုတစ်ခုပါပဲ။ အာဟာဓာတ်တွေ သိုလှောင်ထားတဲ့ ပဲပင်ပေါက်က တော်တော်လေးကို ကယ်လိုရီဓာတ်နည်းပြီး အမျှင်ဓာတ်၊ အင်ဇိုင်းဓာတ်၊ ပရိုတိန်းဓာတ်၊ အခြားအာဟာရဓာတ်အသေးအမွှားလေးတွေလည်း ပါဝင်ပါတယ်။ ပဲပင်ပေါက်က ပြင်ဆင်ချက်ပြုတ်ရတာလွယ်ကူပြီး ပဲပင်ပေါက်သုတ်စားတာပဲဖြစ်ဖြစ် အခြားဟင်းသီးဟင်းရွက်တွေနဲ့ ရောချက်တာပဲဖြစ်ဖြစ် စားသုံးလို့ရပါတယ်။ ပဲပင်ပေါက်ကို နေ့စဉ်စားသုံးမယ်ဆိုရင် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတချို့ကို စာဖတ်ပရိသတ်တွေကို ပြောပြချင်ပါတယ်။

ကိုယ်အလေးချိန်ကျအောင် ကူညီပေးတယ်

ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ ပဲပင်ပေါက်ကို ကိုယ်အလေးချိန်ကျဖို့ ကြိုးစားနေတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ပဲပင်ပေါက်က ကယ်လိုရီပမာဏနည်းနည်းပဲပါပြီး အမျှင်ဓာတ်ကြွယ်ဝပါတယ်။ ညစာအဖြစ် ပဲပင်ပေါက်တစ်ပန်းကန်ကို စားသုံးမယ်ဆိုရင် သင့်ကို ဗိုက်ပြည့်နေစေမှာဖြစ်ပြီး အစားစားချင်စိတ်ကို လျော့ချပေးပါတယ်။

အစားအိမ်အတွက် ကောင်းတယ်

အမျှင်ဓာတ်ကြွယ်ဝတဲ့ ပဲပင်ပေါက်က အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်။ ဒါ့အပြင် ဝမ်းမှန်စေပြီး အစာခြေစနစ်အားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ ပဲပင်ပေါက်မှာ ဇီဝဖြစ်စဉ်ကောင်းစေတဲ့ အင်ဇိုင်းဓာတ်ပါဝင်တဲ့အတွက် အစာကြေလွယ်ပြီး အာဟာရဓာတ်ရရှိပါတယ်။

နှလုံးအားကောင်းစေတယ်

ပဲပင်ပေါက်ကို စားပေးတာကလည်း နှလုံးအားကောင်းစေပြီး သွေးဖိအားများခြင်းလို နှလုံးနဲ့ ဆက်စပ်တဲ့ရောဂါဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်။ ကောင်းတဲ့ HDL ကိုလက်စထေရောကို တိုးလာစေပြီး မကောင်းတဲ့ HDL ကိုလက်စထရောကိုလည်း လျော့ချပေးပါတယ်။

ကိုယ်ခံစွမ်းအားစနစ်ကောင်းစေတယ်

ပဲပင်ပေါက်မှာ ဗီတာမင်စီကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်းက သွေးဖြူဆဲလ်တွေကို လှုံဆော်ပေးပြီး ရောဂါကူးစက်တာတွေကို တိုက်ဖျက်ပေးပါတယ်။ ပဲပင်ပေါက်မှာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းစေတဲ့ အန်တီအောက်စီဒန့်ဓာတ်တွေ ပါဝင်ပါတယ်။

အမြင်အာရုံအားကောင်းစေတယ်

 


ပဲပင်ပေါက်မှာ ပါဝင်တဲ့ ဗီတာမင်အေက အမြင်အာရုံအားကောင်းစေသလို အန်တီအောက်စီဒန့်ဓာတ်ကလည်း အရေးအကြောင်းမဖြစ်အောင် မျက်လုံးနားက ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။

Ref: Weight loss and other health benefits of having sprouts daily
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top