ကမ္ဘာ့အဆင့် (၁) ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးရှုံးပွဲကြုံခဲ့တဲ့ နာအိုမီအိုဆာကာ

aa4.jpg

သြစတြေးလျအိုးပင်းပြိုင်ပွဲ ဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ် ဖြစ်လာခဲ့တဲ့ ဂျပန်တင်းနစ်မယ်နာအိုမီအိုဆာကာဟာ Dubai Duty Free Tennis Championships ပြိုင်ပွဲမှာ ပြင်သစ်တင်းနစ်မယ် မာဒီနိုဗစ်ကို ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ အသက် (၂၁) နှစ်အရွယ်ရှိတဲ့ အိုဆာကာဟာ အခုလ အစောပိုင်းမှာ သူ့ရဲ့နည်းပြဖြစ်သူ ဆာရှာဘာဂျင်နဲ့ အံ့အားသင့်ဖွယ် လမ်းခွဲခဲ့သူပါ။

နိုင်ခြေအဆင့် (၁) သတ်မှတ်ခံထားရလို့ ပထမအဆင့်ပွဲစဉ် ကစားစရာမလိုတဲ့အိုဆာကာဟာ ဒုတိယအဆင့်ပွဲစဉ်မှာ ပြင်သစ်တင်းနစ်မယ်မာဒီနိုဗစ်ကို ၆-၃၊ ၆-၃ နဲ့ (၂) ပွဲပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ယူအက်စ်အိုးပင်းပြိုင်ပွဲဗိုလ်စွဲခဲ့ပြီး ပြီးခဲ့တဲ့လက သြစတြေးလျအိုးပင်းပြိုင်ပွဲ ဗိုလ်စွဲခဲ့တဲ့အိုဆာကာဟာ နည်းပြဖြစ်သူနဲ့
လမ်းခွဲလိုက်တဲ့အကြောင်းရင်းကို ထုတ်ပြောခဲ့ခြင်းမရှိသေးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top