ဆရာမဂျူးရဲ့ ‘တိမ်နဲ့ချည်တဲ့ကြိုး’၊ ပုညခင်ရဲ့ ‘တောင်တန်းတွေရဲ့အလွန်’ ဖတ်ပြီးကတည်းကသွားချင်နေခဲ့သော ချင်းတို့ဌာနေ ရိဒ်

30742901_1528525990592054_6844546989137330176_n.jpg

မြန်မာပြည်ရဲ့ အသည်းနှလုံး၊ ချင်းပြည်နယ်ရဲ့ရင်နှစ်သည်းချာ သို့မဟုတ် ချင်းတောင်တန်းတွေကြား အမြင့်ပေ (၂၉၆၆) မှာ သဘာဝအတိုင်းတည်ရှိနေတဲ့ အချစ်ရဲ့သင်္ကေတအသည်းပုံလေး ရိဒ် (အကျယ် ၈၂၃ ဧက၊ အနက် ပေ ၅၀ မှ ပေ ၈၀)

ဒီလိုလမ်းတွေ (သူ့ထက်၅ဆလောက်ဆိုးတာတွေရှိသေး)

 

ဒီခရီးကိုသွားချင်တဲ့သူတွေအတွက် နွေနဲ့ ဆောင်းရာသီကသင့်တော်ပါတယ်။ မိုးတွင်းတော့ မြေပြိုတတ်ပါတယ်။ (ဆောင်းရာသီမှာသွားဖို့ အခုကတည်းက ကြိုပြောပြလိုက်တဲ့သဘောပါ) တီးတိန်ကျော်ရင် မြေသားလမ်းတွေချည်းမို့ တအားဆိုးပြီး တခြားတောင်ပေါ်ဒေသတွေနဲ့ယှဉ်ရင် လမ်းပိုဆိုးပါတယ်။ တောင်တက်တောင်ဆင်း များတယ်။ ရှူခင်းတွေကလည်း တော်တော်လှပါတယ်။

တောင်တွေဘယ်လောက်တောင် မြွေလိမ်မြွေကောက်ကျော်ခဲ့ရလဲ မသိတော့တဲ့အထိ

 

လေဆိပ်ကလှမ်းမြင်နေရသော ⛪️

ဘာသာတရားကိုင်းရှိုင်းတဲ့ နေရာဒေသဖြစ်တာနဲ့အညီ လေဆိပ်ကတည်းကတွေ့ရတဲ့ Church တွေ ကလေးအနှံ့ရော လမ်းကမြို့တွေ၊ ရွာတွေအနှံ့မှာပါ တွေ့ရပါ။ RC နဲ့ Baptist အပြင် အခြားခရစ်ယာန်ဂိုဏ်းကွဲတွေလဲ အများကြီးပဲ။ Sunday နဲ့ ကြုံရင် အဆင်ပြေတဲ့ Church ဝင်တက်လို့ရပါတယ်။ Sisterတွေရော Mother တွေရော သဘောကောင်းပါတယ်။ ဧည့်သည်လာရင် သဘောကျ ကြ၊ ပျော်ကြပါတယ်။

တီးတိန်

ရိဒ်ရေကန်

နေဝင်ချိန်

 

နယ်စပ်မြို့လေးဖြစ်တဲ့ ရိဒ်ခေါဒါရ်မြို့လေးမှာရှိပါတယ်။ ခရစ်ယာန်ဘာသာကို အဓိကကိုးကွယ်ပေမဲ့ ကန်ရဲ့ အနောက်ဖက်မှာ နဂါးရုံဘုရားတည်ရှိ (ဘန်ကလိုနဲ့မျက်နှာချင်းဆိုင်၊ တောင်ပေါ်မှာလည်း ဘုန်းကြီးကျောင်း ရှိပါတယ်) ဆောင်းတွင်းဆိုရေက တစ်ခါတလေ အနီရောင်လေးဖြစ်နေတတ်ပြီး ဒေသခံတွေက နတ်ကစားတယ် လို့ အယူရှိပါတယ်။ ကန်ရဲ့ပတ်လည်က မိုးမခပင်တွေကိုတော့ ဝိညာဉ်စည်းရိုးလို့ခေါပြီး နှစ်စဉ် ဝိညာဉ်ပူဇော်ပွဲတွေ လုပ်လေ့ရှိပါတယ်။ ယုံတမ်းပုံပြင်တွေလည်းအများကြီးပေါ့နော်။

သူငယ်ချင်းတွေနဲ့စကားပြောမယ်

ဒေသခံတစ်ယောက်ပြောပြတာက ဟိုအရင်က ချင်းလူမျိူးတွေ ခရစ်ယာန်သာသနာမရောက်ခင် နတ်ကိုးကွယ်စဉ်က သတ်သေမယ်ဆိုရင် ဒီရေကန်ထဲ ဆင်းလေ့ ရှိကြပါသတဲ့။ ခုခေတ်မှာတော့ အရိုးပြာတွေလာမျှောကြတယ်လို့သိရပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက အင်္ဂလိပ် တွေက ရဟတ်ယာဉ်နဲ့ဖန်ပေါင်းချောင်ဆွဲ အဲထဲလူတစ်ယောက်ဝင်စေပြီး ကန်ထဲချပြီး သုတေသနလုပ်ကြည့်တာ ပြန်မတော့ လူမပါလာတော့ဘူးလို့သိရပါတယ် (ကြောက်ပြီးမသွားပဲ မနေနဲ့နော် ညကျ လူတွေအများကြီး လာကြတာ ကားတွေပြည့်နေတာနဲ့ကြောက်ချိန်တောင်မရှိ) ရေကန်ရဲ့မျက်နှာပြင်ဟာ ဒီဇင်ဘာနှောင်းပိုင်းနဲ့ ဇန်နဝါရီလဆန်းတွေမှာ နောက်ကျိနေတတ်ပါတယ်တဲ့။ ရိဒ်ရေကန်ကြည်လင်နေတဲ့အချိန်မှာ လာလည်တဲ့သူက အမှတ်တရအနေနဲ့ ကိုယ့်အိမ်ကို ရေဗူးလေးနဲ့ ခပ်သယ်သွားရင်တောင် ရေကန်နောက်တဲ့အချိန်ဆို ရေဗူးထဲက ရေဟာလည်းနောက်တတ်ပါတယ်တဲ့။ သိချင်ရင်စမ်းသာကြည့်ကြပါ။ (ကိုယ်တော့မစမ်းရဲလို့ ဘာမှမယူခဲ့)

ဘယ်လိုသွားမလဲ

ရိဒ်ကိုသွားချင်ရင် ကားကတစ်ဆင့်တည်းစီးလို့မရပါဘူး။ ရန်ကုန်ကနေ ကလေးကိုတစ်ဆင့် ကလေးကနေမှ ရိဒ်ကိုတစ်ဆင့် စီးမှရပါလိမ့်မယ်။ ကလေးထိ လေယာဉ်စီးပြီးသွားလည်းရပါတယ်။ လေယာဉ်ကွင်းမှာထဲက တွေ့ရတဲ့ Church တွေ တမြို့လုံးရော လမ်းတလျှောက်ရွာတွေရော အနှံ့ပဲ။

Express – ကလေးကနေ ရန်ကုန်ဆိုရင်တော့ ချင်းတောင်တန်း၊ High Class ။ ကားခက တစ်ယောက် နှစ်သောင်းခွဲ၊ သုံးသောင်းပါ။ ရန်ကုန်ကနေ နေ့လည် (၂) နာရီ တစ်ချိန်သာထွက်ပါတယ်။

Flight – MNA,Air Kbz တစ်ပတ်ကို (၂) ရက်ထွက်ပါတယ်။ MNA 106000 , Kbz $99 (တစ်ကြောင်းစာပါ)

ကိုယ့်ကားနဲ့ကိုယ်သွားမယ်ဆိုရင် ကားမောင်းကျွမ်းတဲ့သူရယ်သွားမယ်ဆို 4WD နဲ့သွားမှ အဆင်ပြေမှာပါ။ manual နှင့်ပိုသင့်တော်ပါတယ်။ မံဆာင်းတံတားကျော်လျင် (၇) မိုင်လောက် 1 နှင့်မောင်းမှ အဆင်ပြေမှာပါ။

ရိဒ်ကိုဘယ်လိုဆက်သွားရမလဲ

ရန်ကုန်ကနေ-ကလေးထိသွားပါ။ ကလေးရောက်ပြီဆိုရင်တော့ ကလေး-ရိဒ် ပြေးတဲ့ကားတွေရှိပါတယ။ မနက် ၈နာရီလောက်ထွက်တယ်ပြောတယ်။ ကားဂိတ်ပေါ်မူတည်ပြီးအချိန်ကွဲပါတယ်။ ဈေးကတော့ တစ်သောင်းခွဲ၊ တစ်သောင်းရှစ်ထောင် စသဖြင့်ရှိပါတယ်။ လူ (၅) ယောက်နဲ့အထက်ဆိုရင်တော့ ကားငှားသွားဖို့ အကြံပေး ချင်ပါတယ်။ ရိဒ်မှာ (၂) ညအိပ် အသွားအပြန်မှ (၃) သိန်းပါ။ကလေးကနေ ရိဒ်အထိက ၉ နာရီလောက် မောင်းရတယ်။ လမ်းမှာ ဓာတ်ပုံလေးဘာလေးရိုက်တာလည်း ရှိသေးတာကိုး။ အဲဒီလမ်းကြောင်းသွားနေကြ ကားမောင်းကျွမ်းတဲ့ကားဆရာနဲ့သွားတာ ပိုစိတ်အေးရပါလိမ့်မယ်။ (ကားဆရာ ဖုန်းနံပါတ် ပုံမှာ ပြပေးထားတယ်နော်) ကလေးကနေ တီးတိန်အထိလမ်းကောင်းပြီး လွယ်ရွာကနေ ရိဒ်ထိက လမ်းဆိုးပါတယ်။ ဖုန်ထူပါတယ်။ ချောက်ကမ်းလမ်းကျဉ်းကျဉ်းလေးကို မြွေလိမ်မြွေကောက် ရင်တဖိုဖိုနဲ့ သွားရတာ တကယ့် Adventure ပဲ။

ဘယ်နေရာတွေဓာတ်ဖမ်းမလဲ

ဒါက စာသင်ကျောင်းဗျူးပွိုင့်

ပန်းချီကားလေလား

ရှုခင်းလှသမျှနေရာတွေသာ ကားရပ်ပြီးရိုက်မယ်ဆို ညသန်းခေါင်မှ ရိဒ်ရောက်ပါလိမ့်မယ်။ တောင်ဇလပ် မပွင့်တော့တဲ့ နွေရာသီ သြင်္ကန်တွင်းသွားတာတောင် လှချင်တိုင်းလှနေတဲ့သစ်ခွတွေနဲ့ မြူဆိုင်းနေတဲ့ တောင်တန်း ကြီးတွေနဲ့မိုက်နေတာလေ။ တိမ်တွေအထက်ကတီးတိန်မြို့ရယ်။ လေသာတောင် (ခ) လေထန်ကုန်း ရယ်။ သစ်ခွပင်တွေအရောင်စုံ တစ်စည်းတစ်ထောင်နဲ့ဝယ်လို့ရတဲ့ သိုင်းငင်းရွာရယ် ဆို လုံလောက်ပါပြီ။ အချိန်ရရင် ကနေဒီတောင်ကို mini trekkingလုပ်ခဲ့ပါဦး။

မနက်ခင်းချိန်ခါ

ရိဒ်ရောက်ရင်တော့ ကန်စပ်က တစောင်းဖြစ်နေတဲ့ မိုးမခပင်လေး ရယ်၊ အထိမ်းအမှတ်တိုင်လေးရယ် အဲဒီဘေးက မိုးမခပင်အောက်က ခုံတန်းလေးရယ်နဲ့ View Point တွေမှာ ဓာတ်ဖမ်းပေါ့နော်။ ရိဒ်ရေကန်မှာ View Point (၃) နေရာရှိပါတယ်။ စာသင်ကျောင်းက ကန်ကို အလှဆုံးမြင်ရတဲ့ နေရာလို့ ပြောကြတယ်။ (စတီးလက်ရန်းတွေနဲ့ပေမဲ့ ဘေးကနေ ကန်နားအထိဆင်းသွားလိူ့ရပါတယ်) တောင်ပေါ် (အကြိုက်ဆုံးနေရာလေးပဲ) ပြည်ထောင်စုရိပ်သာ (သံတိုင်တွေရှိနေတဲ့အပြင် လခြမ်းကွေးပုံစံကြီးမို့မကြိုက်ပါ)

တစ်ရွာနဲ့တစ်ရွာလမ်းလျှောက်နေရတာတွေ တွေ့နေရတုန်းပဲ

ဘယ်မှာစားမလဲ

တီးတိန်က ရွှေနဂါး။ နွားနောက်သားကောင်းကောင်းရ။ ဆာဗူးသီးလည်းစားဖူးအောင်စားခဲ့ကြည့်ပါ။ နောက် သိုင်းငင်းရွာက ပြောင်းဖူးဆန်ပြုတ်။ ဆိမ့်နေအောင်အရသာရှိတဲ့ထောပတ်သီး။ မံဆောင်းတံတားနားက နွားနောက်သားရတဲ့ထမင်းဆိုင်လေး။ နောက်ပြီး ရိဒ်ရေကန်ဘေးကဆို ရိဒ်ရွှေပြည် အဲဒီမှာတော့ အစုံရပါတယ်။ အော် Bar လည်းရှိတယ်နော် မီး က (၆) ခွဲကနေ (၁၁) အထိပဲမောင်းပေးတာမို့ နေ့လယ် ဝိုင်နဲ့ ဘီယာအေးအေးလေးမသောက်ရမှာ စိတ်မပူပါနဲ့။ ရေချိုးခန်းထဲက ရေဇလားလေးထဲ ရေဖြည့်ပြီးသာစိမ်ထား။ တစ်နေကုန် ရေကအေးနေတော့ သဘာဝရေခဲသေတ္တာလေးပေါ့။

လေထန်ကုန်း လွင့်ချက်က 9

ဘယ်မှာတည်းမလဲ

ရိဒ်ခေါဒါရ်မြို့ထဲက ရိဒ်ရွှေပြည်တည်းခိုခန်းမှာတည်းလည်း အဆင်ပြေပါတယ်။ စောင်ပါလာလို့ရှိရင် ကန်ဘေးမှာပဲ ရွက်ဖျင်တဲလေးနဲ့အိပ်လည်းမိုက်တာပဲ။ အကောင်းဆုံးကတော့ ကန်ဘေးက Rihlipui (ရိဒ်ကန်သာနဲ့အတူတူပဲ) ဆိုတဲ့ ဘန်ဂလိုလေးတွေရှိမယ်။ ဖြစ်နိုင်ရင် အဲဒီဘန်ဂလိုလေးတွေမှာ တည်းစေချင်ပါတယ်။ ပျဉ်ထောင်ဘန်ဂလို သေးသေးလေးတွေပေမဲ့ ရိဒ်ကန်စပ်နားတင်ဆိုတော့ အခန်းကနေ ရေကန်ကိုလှမ်းမြင်နေရသလို ညကျရင် ကန်ဘေးမှာ မီးပုံပွဲတွေလုပ်လို့ရပါတယ်။ 5 star မဟုတ်တဲ့ thousands of 🌟 ကို မြက်ခင်းပြင်ပေါ် သက်တောင့် သက်သာလှဲပြီးကြည့်လိုက်စမ်းပါ။ ကြယ်ကြွေတာကည့် ဆုတောင်း။ ကိုယ်တွေတော့ သန်းခေါင်ကျော်မှ ဘန်ဂလိုပေါ်ပြန်တက်ဖြစ်တော့တယ်။ အခန်းက နှစ်ယောက်ခန်းတွေပါ။ ဒါပေမဲ့ လေးယောက်နေလို့ရပါတယ်။ နှစ်ယောက်ထဲပဲနေမယ်ဆိုလည်း နှစ်သောင်းပေးရင်ရပါတယ်။ ညဘက်နေရတဲ့အေးချမ်းမှု၊ မနက်ငှက်ပေါင်းစုံရဲ့ တေးသံနဲ့ နိုးထ၊ ကန်ရေပြင်အလှကြောင့် စိတ်ကြည်နူးရမှုတွေကြောင့် အဆမတန်ကိုတန်ပါတယ်။ ရေချိုးခန်း အိမ်သာ ဘိုထိုင်တွဲလျက်ပါပါတယ်။ ရေချိူးတာကတော့ ငယ်ငယ်ကလို ဇလားလေးထဲကခပ်ချိုး ဒါမှမဟုတ် ပိုက်အောက်ထိုင်ချိုးရင်း ကလေးဘဝ ပြန်ရောက်သွားသလိုခံစားရစေမှာပါ။ (ရေကဘယ်လောက်အေးလဲဆို လျှပ်စစ်မရှိတဲ့ဒေသမှာ ရေပုံးထဲ ဘီယာစိမ်ထား ခဏနေသွားယူ ကွက်စတိပဲ ဘီယာအေးအေးလေး) နှစ်ခန်းတွဲ (၆) လုံးသာရှိတာမို့ ကြိုတင်ဘွတ်ကင်လုပ် ငွေချေထားမှစိတ်ချရပါမယ်။ ကိုယ်တွေတောင် ကလေးမြို့က နယ်ခံ မဝါ လုပ်ပေးထားလိူ့အဆင်ပြေတာ။ မဝါရေ ကျေးဇူးအကြီးကြီးတင်ပါတယ်။ ဘန်ဂလိုဖုန်းနံပါတ် ထည့်ပေးထားပါတယ်။ ပိုင်ရှင်ရော၊ ဝန်ထမ်းတွေရော ဆက်ဆံရေးတအားကောင်းပါတယ်။ ‭(09770253372‬/ 08770253367)

ရိဒ်မှာဘာလုပ်လို့ရလဲ

ဒါက တောင်ပေါ်ဗျူးပွိုင့်

ရိဒ်ခေါဒါရ်မြို့ထဲလည်လို့ရမယ်။ အိန္ဒိယဘက်ခြမ်းထဲပါတဲ့ မီဇိုရမ်ပြည်နယ်အစပ်နားဘက်ကို လည်လို့ ရပါလိမ့်မယ်။ ဒါပေမဲ့ ရိဒ်ခေါဒါရ်မြို့ရော မီဇိုရမ်ဘက်ရောက ဖုန်ထူပြီး လမ်းတွေသိပ်သန့်သန့်ရှင်းရှင်းမရှိလှဘူး။ ဗမာစကားသိပ်မပေါက်ဘူး။ ကိုယ်တို့ နည်းနည်းကံဆိုးတာက Sunday ဖြစ်နေတော့ ဆိုင်တွေအကုန်ပိတ်ပါတယ်။ ဈေးဆိုင်သေးသေးလေး (၂) လဆိုင် (၃) ဆိုင်တော့ဖွင့်ပါတယ်။ အချိန်ရရင်တော့ ကားငှားပြီး မီဇိုရမ်ပြည်နယ် ဘက်ထပ်သွားကြည့်ပေါ့။ အချိန်ရရင် ကျန်ပိုင်နဲ့ Aizawl မြို့ပါ လည်ခဲ့၊ ဈေးဝယ်ထွက်ခဲ့ပေါ့။

မံဆောင်းတံတား ရေသာများ နေလည်းမပူဘူးဆို ဆင်းဆော့ဖြစ်ဦးမှာ

ဆောင်ရန်

ကလေးမှာတစ်ညလောက်နားတာ ပိုကောင်းမယ်။ ကလေးမြို့ထဲလည်း လည်ဖို့အချိန်ရတာပေါ့။ အပြန်လည်း ကလေးမှာ တစ်ရက်နားလို့ရပါတယ်။ ရေသန့်ဘူးကတ်များ။အဆာပြေမုန့်များ၊ Mask 😷
အမဲသားမစားတတ်သူဆို ဘာလချောင်ကြော်၊ ငပိကြော်။ လျှပ်စစ်မီးမရှိ မီးက ညနေ (၆) ခွဲမှမောင်းပေးတာမို့ Power Bankလိုမယ်နော်။ Tent နဲ့ ဂစ်တာလေးပါပါရင် စွန်းမိုက်။ စာသင်ကျောင်းအတွက်၊ ကလေးတွေအတွက် စာရေးကိရိယာနဲ့ မုန့်တွေ သယ်သွားပြီးလှူနိုင်ရင် ကျေးဇူးတင်မိမှာပါ။ တိုက်နယ်ဆေးရုံလဲလှူလို့ရတယ်။

ချစ်စရာချင်းကလေးငယ်

ရှောင်ရန်

အမှိုက်လုံးဝ လုံးဝမချခဲ့ပါနဲ့။ အိတ်လေးတွေနဲ့စုထား၊ အခန်းရှေ့ချထားလာသိမ်းပေးပါတယ်။ လူတွေ စိတ်ဓာတ် အောက်တန်းကျလာတာ ရိဒ်ကန်ဘေး အမှိုက်တွေကသက်သေပါပဲ။ ရေကန်အစပ်နားက အအေးဘူးခွံတွေဆို ပွထနေတာပါ။ အလွယ်တကူပစ်ချခဲ့ကြတယ်။ ရိဒ်ရေကန်ကို လူသာအသွားများရင်တော့ ရေကန်က ဒီထက် ပိုညစ်ပတ်လာနိုင်တယ်လို့တွေးပြီး စိတ်မသက်မသာာ ဖြစ်ရပါတယ်။ မကြာခင် ညစ်ပတ်ပျက်စီးသွားမှာ စိုးရိမ်မိတယ်။ ရိဒ်မှာ ဖြစ်နိုင်ရင် ရေကန်ထဲမဆင်းပါနဲ့။ လူစိမ်းဆို စားတယ် အပြောအဆို ဆင်ခြင်ပါ။ လှေစီး လို့ရပေမဲ့ မစီးစေချင်ပါ။ စီးတဲ့လူလည်းရှိတာပဲ။ ရေကတော့ ဒေသခံတွေပဲ ဆင်းကူးပါတယ်။ (ကိုယ်တောင် ဆင်းဆော့ချင်တာ ရေသေဖြစ်နေတာရယ် ရေမကူးတတ်တာရယ် ရေကန်ထဲနဂါးရှိနေတယ်ဆိုတဲ့ ပုံပြင်တွေကြောင့်ရယ် မဆင်းရဲခဲ့)

Telenor နဲ့ MPT ရပါတယ်။ MPT က အင်တာနက်လိုင်းသိပ်မကောင်းလှဘူး။ ဈေးဝယ်ချင်ရင် ကလေးမှာဝယ်ပါ။ အိန္ဒိယပစ္စည်းတွေ ဈေးသက်သာပါတယ်။ ဝယ်လို့ကောင်းပါတယ်။ လေဆိပ် ဘေးကဆိုင်ရယ်။ လေဆိပ်ပဒေသာရယ် တာဟန်းဈေးထဲမှာရယ် ချင်းအဆင်ပေါပါတယ်။ သယံဇာတမထွက်လို့ သူပုန်မရှိတဲ့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ပိုအဆင်ပြေလာပြီး ရေပေါပါစေ။ လျှပ်စစ်မီးရရှိပါစေ၊ အလုပ်ကိုင်တွေလည်းပေါလာပါစေ၊ စိုက်ပျိူးသမျှဖြစ်ထွန်းပါစေလို့ ဆုတောင်းမိပါတယ်။

ဒါက သိုင်းငင်းရွာမှာ ခြံစည်းရိုးတိုင်းလိုလိုမှာ နှင်းဆီတွေပွင့်ချက်က မြင်မကောင်းဘူး

မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ ချစ်သူ ဘယ်သူနဲ့ပဲသွားသွား မေ့မရနိုင်တဲ့အပန်းဖြေခရီးလေးဖြစ်စေမှာ အသေအချာပါလို့ …။

(ဒီဆောင်းပါးက ရိုးရာလေးရဲ့ မိတ်ဖက် Travelholic YPS Facebook Page မှာဖော်ပြထားတဲ့ ခရီးသွားဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်)

Ref: Travelholic YPS
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top