ကြက်တူရွေးလေးတွေ ဘယ်လောက်ဉာဏ်ရည်ကောင်း သလဲ

yyl-048-4.jpg

စာရေးသူသည် တောရိုင်း ကြက်တူရွေးလေးများ ၏ အံ့အားသင့်ဖွယ်ကောင်းသော သိမြင်နားလည် နိုင်စွမ်းကို ရေးသားဖော်ပြထားသည့် စိတ်ဝင်စားစရာကောင်းသော သုတေသနပြု မှတ်တမ်း တစ်ခုအား ဖတ်ရှုလိုက်ရသည်။ ထိုမှ တစ်ဆင့် စာဖတ်ပရိတ်သတ်များ ဗဟုသုတရစေရန် ဤဆောင်းပါး အား ဘာသာပြန် ရေးသားတင်ဆက် ပေးလိုက်သည်။

ကြက်တူရွေးလေးများ သည် အပေါင်းအသင်းနှင့် နေထိုင်တတ်သော၊ ဝင်ဆံ့သော သဘာဝ ရှိသော တောရိုင်း တိရစ္ဆာန်လေးများ ဖြစ်သည်။ ကြက်တူရွေးငယ်လေးများသည် ငယ်စဉ်ကပင် ပတ်ဝန်းကျင် ဖြစ်စဉ်များကို စတင်လေ့လာတတ်ကြသည်။ သူတို့၏ မွေးချင်းများနှင့် လေ့လာထားသမျှ များကို တီတီတာတာ ပြောဆိုခြင်း များဖြင့် လေ့ကျင့်တတ်ကြသည်။ အချင်းချင်း ကာကွယ် တတ်သည့် အပြုအမူများကိုလဲ သူတို့၏ မိဘများဆီ မှ လေ့လာကြသည်ဟု ဆိုသည်။ ထို့အပြင် အခြားသော ကျေးငှက် တိရစ္ဆာန်များထက် လျှင်မြန်စွာ အမှီအခိုကင်း နေထိုင်တတ်ကြသည်။

သူတို့၏ တမူထူးခြားသော ချစ်စရာ တီတီတာတာ အသံလေးများ၊ အပြုအမူလေးများကြောင့် လူတို့၏ ချစ်ခင်နှစ်သက်ခြင်းကို ခံရသည်။ လူတို့၏ ပြောဆိုသံ၊ ဟန်ပန် အမူအယာတို့ကို လေ့လာ အတုယူကာ ပြန်လည် လုပ်ဆောင်နိုင်ခြင်းကြောင့် ကြက်တူရွေးလေးများကို လူနှင့် တူသော ဉာဏ်ရည် ဉာဏ်စွမ်း ရှိသည်ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ကြက်တူရွေးလေးများကို အိမ်တွင် မွေးထားသူများသည် မိသားစုဝင်ကဲ့သို့ ဆက်ဆံကြသည်မှာ မထူးဆန်းလှပေ။

များသောအားဖြင့် ကြက်တူရွေးလေးများသည် ငှက်များထက် ပို၍ သာလွန်သည်ဟု သူတို့၏ အပြုအမူများကို ကြည့်ခြင်း အားဖြင့်သိရှိ နိုင်သည်။ အချို့သော ကြက်တူရွေးလေးများသည် လူတို့ပြောဆိုသည့် ရိုးရှင်းသော စကားအချို့ကို ဆိုလျှင် အသံရော အမူအရာပါ တူအောင် အဓိပ္ပာယ် နားလည်သိဟန် သရုပ်ဖော်ဆောင် နိုင်ကြသည်။

သိပ္ပံ ပညာရှင်များ လေ့လာစမ်းသပ်ရာတွင် Kea အမျိုးအမည်ရှိ ကြက်တူရွေးလေးများသည် သရုပ်ဖော်ဆောင် နိုင်ကြသည် သာမက အချို့သော စမ်းသပ်ပစ္စည်းများအား ကောင်းမွန်စွာ အသုံးပြုတတ်ပြီး၊ ဉာဏ်စမ်း များကိုပင် ကောင်းစွာ ဖြေရှင်းတတ်ကြသည်ကို တွေ့ရှိခဲ့ ရသည်။ ထို့ကြောင့် ကြက်တူရွေးလေးများကို ကျေးငှက် တိရစ္ဆာန်များ ကြားတွင် ဉာဏ်အကောင်းဆုံး ဟု သတ်မှတ်ကြသည်။

အာဖရိက မီးခိုးရောင် ရှိသည့် ကြက်တူရွေးသည် ကမ္ဘာပေါ်တွင် ဉာဏ်အကောင်းဆုံးသော စကားပြောသည့် ကြက်တူရွေး ဟု သတ်မှတ်ကြသည်။ သူတို့ကို အာဖရိက မြောက်ပိုင်း နှင့် အလယ်ပိုင်းရှိ မိုးသစ်တောများရှိရာတွင် တွေ့ရတတ်သည်။ အာဖရိက မီးခိုးရောင် ရှိသည့် ကြက်တူရွေးသည် လူတို့ ၏ စကားကို နားလည်နိုင်စွမ်းရှိခြင်းကြောင့် နာမည်ကြီးကြသည်။ သူတို့သည် အခြားသော စကားပြောသည့် ကြက်တူရွေးများကဲ့သို့ ပင် သူတို့၏ ပိုင်ရှင် တစ်ဦးတစ်ယောက်ကို ပင် တွယ်တာလွန်း တတ်ကြသည်။ အာဖရိက မီးခိုးရောင် ရှိသည့် ကြက်တူရွေးများသည် အခြားသော သားရဲ တိရစ္ဆာန်များကို လှည့်ဖြားစေရန် မျိုးစုံသော အသံများကို လဲ သရုပ်ဖော်လေ့ရှိကြသည်။

ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top