ဒီယွန်တေးဝှိုက်ဒါနဲ့ တိုင်ဆန်ဖျူရီပွဲကို ရက်သတ်မှတ်

yyl-059.jpg

ဒီယွန်တေးဝှိုက်ဒါနဲ့ စိတ်မကျေပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကျရင် လက်စ်ဗီးဂတ်မြို့မှာ ထိုးသတ်မယ်လို့ တိုင်ဆန်ဖျူရီက အတည်ပြုကြေညာခဲ့ပါတယ်။ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီနဲ့ ဒီယွန်တေးဝှိုက်ဒါတို့ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ထိုးသတ်ခဲ့တဲ့ ပထမပွဲစဉ်မှာ အငြင်းပွားဖွယ် သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ အဲဒီပွဲမှာ တိုင်ဆန်ဖျူရီက နှစ်ကြိမ်တိုင်တိုင် လဲကျခဲ့ပေမဲ့ WBC ဟဲဗီးဝိတ်ချန်ပီယံ ဒီယွန်တေးဝှိုက်ဒါကို အသာစီးထိုးသတ်နိုင်ခဲ့ပါတယ်။

”ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကျရင် ဒီယွန်တေးဝှိုက်ဒါကို ကျွန်တော် အလဲထိုးတာကြည့်ကြဖို့ MGM Grand Garden အားကစားရုံကိုလာခဲ့ကြပါ။ ရှောင်ဖယ်ဖယ်လုပ်လို့ မရတော့ပါဘူး။ ရက်သတ်မှတ်ပြီးပါပြီ။ နှစ်ပေါင်းများစွာအတွင်း လူအများဆုံး စိတ်ဝင်စားခံရပြီး တစ်ကမ္ဘာလုံးစောင့်ကြည့်ကြတဲ့ပွဲမှာ ချန်ပီယံအစစ်က ခါးပတ်သိမ်းပိုက်ပါလိမ့်မယ်။ ဒီယွန်တေးဝှိုက်ဒါက သူနဲ့ထိုက်တန်တဲ့ ဆိုးဆိုးရွားရွား အတွေ့အကြုံ ကြုံရပါလိမ့်မယ်။ ကျွန်တော် မစောင့်ဆိုင်းနိုင်တော့ဘူး”လို့ တိုင်ဆန်ဖျူရီက တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

”ဖေဖော်ဝါရီလ ၂၂ ရက်နေ့ပြီးရင်တော့ အဖြေမထွက်တော့ မေးခွန်းတွေ ကျန်ရှိတော့မှာမဟုတ်ပါဘူး။ ကျွန်တော်စခဲ့တဲ့ဇာတ်လမ်းကို ကျွန်တော် အဆုံးသတ်ပါမယ်။ ဒီတစ်ကြိမ်မှာတော့ တိုင်ဆန်ဖျူရီက ကြိုးဝိုင်းကြမ်းပြင်ကနေ မြန်မြန်ဆန်ဆန် ထလာနိုင်တော့မှာမဟုတ်ပါဘူး”လို့ ဒီယွန်တေးဝှိုက်ဒါက တွစ်တာပေါ်မှာ ဖော်ပြခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top