တိုးဒီဖရန့် စက်ဘီးစီးပြိုင်ပွဲကို ရွှေ့ဆိုင်းရဖို့ ရှိနေ

15-4-2020-yyl-009.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ပြင်သစ်အစိုးရက လူစုလူဝေးလုပ်ခွင့် ပိတ်ပင်မှုကို သက်တမ်းတိုးမြှင့်လိုက်တဲ့အတွက် တိုးဒီဖရန့်စက်ဘီးစီးပြိုင်ပွဲကို ရွှေ့ဆိုင်းရဖွယ်ရှိနေပါတယ်။ လူစုလူဝေးနဲ့ အခမ်းအနားတွေ ကျင်းပမှု ကန့်သတ်ချက်တွေဟာ ဇူလိုင်လအလယ်အထိ အကျုံးဝင်နေဖွယ်ရှိတယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ပြောပါတယ်။ ကမ္ဘာ့အကြီးကျယ်ဆုံး စက်ဘီးစီးပြိုင်ပွဲဖြစ်တဲ့ တိုးဒီဖရန့်ပြိုင်ပွဲကို ဇွန်လ ၂၇ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတာပါ။

ချန်ပီယံဆု ၄ ကြိမ် ဆွတ်ခူးထားတဲ့ ဗြိတိန်စက်ဘီးစီးသမား ခရစ္စဖွန်းနဲ့ အသင်းဖော် ဘာနဲတို့လည်း ဒီနှစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။ ခရစ္စဖွန်းဟာ ပြီးခဲ့တဲ့နှစ်က မတော်တဆမှုဖြစ်ပြီး ဇက်၊ တံတောင်၊ တင်ပါး၊ ပေါင်ရိုးနဲ့ နံရိုးတွေ ကျိုးခဲ့လို့ ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲကို လွဲချော်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top