Android ဖုန်းတွေမှာလည်း အသုံးပြုနိုင်ပြီဖြစ်တဲ့ Facebook ရဲ့ 3D Photo Feature

qlone-android-3d-scanning-app-pixel-2-header-1500x853.jpg

Facebook ဟာ သုံးစွဲသူတွေရဲ့ အမှတ်တရအခိုက်အတန့်တွေကို ဆန်းသစ်တဲ့ပုံစံနဲ့ မှတ်တမ်းတင်ထားနိုင်စေမယ့် 3D Photo ဆိုတဲ့လုပ်ဆောင်ချက်တစ်မျိုးကို ပြီးခဲ့တဲ့လတွေအတွင်းက စတင်ထည့်သွင်းပေးခဲ့ပါတယ်။

3D Photo ဆိုတာက သာမန်ဓာတ်ပုံကို သုံးဘက်မြင်ရုပ်ကြွပုံအဖြစ် ပြောင်းပေးနိုင်တဲ့ လုပ်ဆောင်ချက်ပါ။ ကနဦးမှာ ဒီလုပ်ဆောင်ချက်ကို iOS မှာပဲသုံးလို့ရခဲ့ပေမဲ့ အခုတော့ Android OS မှာပါ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ Android ဖုန်းတိုင်းမှာတော့ သုံးလို့မရနိုင်သေးပါဘူး။

အခုအသုံးပြုနိုင်မယ့် အန်းဒရိုက်ဖုန်းအမျိုးအစားတွေက Samsung Galaxy Note 8, Note 9, S9+, S10 မော်လ်ဒယ်ဖုန်းအားလုံး, Galaxy Fold, Pixel, Pixel XL, Pixel 2, Pixel 2 XL, Pixel 3, Pixel 3 XL ဖုန်း တွေဖြစ်ပါတယ်။ iOS မှာဆိုရင်တော့ iPhone 7+ကစပြီး 8+, X, XS, XS Max ထိ အသုံးပြုနိုင်ပါတယ်။

3D Photo Feature ကိုသုံးနိုင်ဖို့ ကိုယ်အသုံးပြုနေတဲ့ Facebook App က နောက်ဆုံး Version ဖြစ်နေဖို့လိုအပ်တယ်လို့လည်း Facebook 360 က ပြောကြားထားပါတယ်။

Ref: Facebook 360 “3D Photos now available on Android”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top