ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား

20-11-2020-yyl-012.jpg

မိဘတိုင်းက ဘေဘီလေးကို solid food စကျွေးတဲ့အချိန်မှာ အတော်လေး ဂရုစိုက်ကြပါတယ်။ ဖွံ့ဖြိုးဆဲ ဘေဘီလေးရဲ့ အစာခြေစနစ်ကို ထိခိုက်မှာ စိုးကြသလို ဘေဘီလေးနဲ့ တည့်ပါ့မလားဆိုတဲ့ ကိစ္စကိုပေါ့။

ဒီလို စိုးရိမ်မှုတွေနဲ့ မကျွေးဖြစ်တဲ့ အစားအစာတွေလည်း ရှိကြပါတယ်။ အများဆုံး စိုးရိမ်တာကတော့ ဓာတ်မတည့်မှု ဖြစ်စေမှာကိုပေါ့။ ဓာတ်မတည့်မှု ဖြစ်မှာစိုးပြီး ဘေဘီလေးကို အများဆုံး မိတ်မဆက်ပေးမိတဲ့ အစာကတော့ အစေ့အဆန်ပေါ့။

တကယ်ကတော့ အစေ့အဆန်တွေက အာဟာရကြွယ်ဝပြီး ဘေဘီလေးတွေကို ကျွေးပေးသင့်တဲ့ အစာအစားပါ။ အစေ့အဆန်တွေက ဓာတ်မတည့်မှု ဖြစ်စေနိုင်တယ်ဆိုပေမယ့် ဘေဘီလေးတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်က ဓာတ်မတည့်မှုကို မခံစားရပါဘူး။ ဒါကြောင့် ဘေဘီလေးက ၁၂ လလောက်ရောက်ပြီဆိုရင် အစေ့အဆန်တွေကို ကြေညက်အောင် ကြိတ်ပြီး နည်းနည်း စကျွေးကြည့်ပါ။ တည့်တယ်ဆိုရင် ပုံမှန်လေး ကျွေးပေးဖို့ ပြောပါရစေ။

ဘေဘီလေးနဲ့ အသင့်တော်ဆုံး အစေ့အဆန်တွေ

အသက် ၁၂ လပြည့်ပြီဆိုတာနဲ့ ဘေဘီလေးကို အာဟာရ ပြည့်ဝစေဖို့ ဒီအစေ့အဆန်လေးတွေ ကျွေးပေးလို့ ရပါတယ်။

မြေပဲ

မြေပဲက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တယ်လို့ လူသိများကြပေမယ့် မြေပဲ ဓာတ်မတည့်မှု မျိုးရိုး မရှိဘူးဆိုရင်တော့ ဘေဘီလေးကို ကျွေးပေးလို့ ရပါတယ်။ မြေပဲကို ဘေဘီလေး ၈ လလောက်ကတည်းက စတင် မိတ်ဆက်ပေးလို့ ရပါတယ်။ မကျွေးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်တာကလည်း နည်းလမ်းကောင်းတစ်ခုပါ။

မြေပဲက

ပရိုတင်း ကြွယ်ဝတယ်။
ဘေဘီလေးကို အကျိုးပြုအဆီ ပြည့်ဝစေတယ်။
ဦးနှောက် ကျန်းမာစေတယ်။
Resveratrol ပါဝင်တာကြောင့် ကိုယ်ခံအား ကောင်းစေတယ်။

အယ်လ်မွန်စေ့

အယ်လ်မွန်စေ့က ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်တာကြောင့် ကလေးတွေ စားသုံးဖို့ အထူးသင့်တော်ပါတယ်။ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ နည်းတဲ့ အစေ့အဆန်တစ်ခုပေါ့။

အယ်လ်မွန်စေ့က ဘေဘီလေးကို

ဦးနှောက် ဖွံ့ဖြိုးစေတယ်။
phosphorous၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် အရိုးတွေ သန်မာစေတယ်
ကိုယ်ခံအားကောင်းစေတယ်။
အရေပြား ကျန်းမာစေတယ်။
နာကျင်ရောင်ရမ်းမှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

သစ်ကြားသီး

သစ်ကြားသီးက Omega – 3 ပါတာကြောင့် ဘေဘီလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ သစ်​ကြားသီးက ဘေဘီလေးကို ဓာတ်မတည့်မှုဖြစ်စေနိုင်တာကြောင့် နည်းနည်းလောက်ပဲ စကျွေးကြည့်ဖို့ ပြောပါရစေ။

သစ်ကြားသီးက ဘေဘီလေးကို

အင်အားပြည့်ဝစေတယ်
သတ္တုဓာတ်တွေ ပါဝင်တာကြောင့် အရိုး သန်မာစေတယ်။ သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးတယ်။ ဆဲလ်တွေ အသစ်ဖြစ်ပေါ်စေတယ်။
ဦးနှောက် နဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေတယ်။
ကောင်းကောင်း အိပ်ပျော်စေတယ်။

သီဟိုဠ်စေ့

သီဟိုဠ်စေ့က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ နဲ့ အာဟာရတွေ ကြွယ်ဝသလို ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ နည်းတဲ့ အစေ့အဆန် တစ်မျိုးပါ။ သီဟိုဠ်စေ့က copper၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ပိုတက်ဆီယမ် နဲ့ ဇင့်တို့ ပါဝင်နေတာကြောင့် ဘေဘီလေး ကြီးထွားဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

သီဟိုဠ်စေ့က ဘေဘီလေးကို

ကြွက်သားတွေ ဖြစ်ပေါ်စေတယ်။
အာရုံကြော ကျန်းမာစေတယ်။
အရိုးတွေ သန်မာစေတယ်။
သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးတယ်။
ကိုယ်ခံအား​ ကောင်းစေတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top