ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်တဲ့အနေနဲ့ ဆုတံဆိပ် ပြန်အပ်ခဲ့တဲ့ ဂျဲလ်ဒေါ့ဖ်

23519101_1594043207305592_8147722291028753213_n.jpg

အိုင်းရစ် အဆိုတော်နဲ့ သီချင်းရေးဆရာတစ်ယောက်ဖြစ်တဲ့ ဘော့ဂျဲလ်ဒေါ့ဖ် (Bob Geldof) ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ သူရရှိခဲ့ခဲ့တဲ့ Freedom of the City of Dublin ဆုတံဆိပ်ကို ပြန်အပ်မယ်လို့ ကြေညာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ရိုဟင်ဂျာ အရေးခင်းမှာ အနောက်မီဒီယာများရဲ့ သက်သေမခိုင်လုံတဲ့ စွပ်စွဲချက်များကြောင့် ဝေဖန်မှုကြီးစွာ ခံနေရတဲ့အချိန်မှာ ဂျဲလ်ဒေါ့ဖ်က အခုလို ဆုပြန်အပ်ခဲ့တာပါ။ ဂီတသမားနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဂျဲလ်ဒေါ့ဖ်ဟာ သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ “ကျွန်တော်တို့မြို့နဲ့ သူမ ပတ်သတ်နေတာက ရှက်ဖို့ကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မပတ်သတ်သင့်ပါဘူး။ ကျွန်တော်တို့ သူ့ကို ဂုဏ်ပြုခဲ့ပေမဲ့ သူမက ကျွန်တော်တို့ကို တုန်လှုန်စေခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။

ဂျဲလ်ဒေါ့ဖ်ဟာ ဒီဆုတံဆိပ်ကို တနင်္လာနေ့ မနက်ပိုင်း အိုင်ယာလန်မြို့တော် ဒပ်ဘလင်ရဲ့ မြို့တော်ခန်းမမှာ ဒီ ဆုတံဆိပ်ကို ပြန်အပ်သွားမယ်လို့ ဆိုပါတယ်။ ဂျဲလ်ဒေါ့ဖ်လိုပဲ အိုင်းရစ် ဂီတသမားတစ်ယောက်ဖြစ်တဲ့ U2 ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို ပြီးခဲ့တဲ့ စနေနေ့မှာ ဝေဖန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ပတ်သတ်ပြီး ပိုပြီးခိုင်မာတဲ့ ရပ်တည်ချက် ပြသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အောက်စဖို့တ်မြို့တော် ကောင်စီကလည်း ၁၉၉၇ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တဲ့ freedom of the city ဂုဏ်ထူးကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။ ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးဘာသာရပ်ကို သင်ကြားခဲ့တဲ့ အောက်စ်ဖို့ တက္ကသိုလ် စိန့်ဟုခ်ျ ကောလိပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းချီကားကို လူမြင်ကွင်းမှ ဖြုတ်ပစ်ခဲ့ပါတယ်။

ရခိုင်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ဩဂုတ်လ ၂၅ ရက်နေ့က စလို့ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရိုဟင်ဂျာ စစ်သွေးကြွ အကြမ်းဖက်သမားများက မြန်မာနိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာမှ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူအများအပြား သေဆုံးခဲ့ကြပါတယ်။ အနောက်နိုင်ငံတွေရဲ့ မီဒီယာ စာမျက်နှာတွေမှာတော့ ရိုဟင်ဂျာများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးနေရတာကို အသားပေး ဖော်ပြထားပြီး တစ်ဖက်မှာလည်း ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကို မီးရှို့နေကြတဲ့ ပုံရိပ်တွေလည်း ထွက်ပေါ်နေပါတယ်။ မြန်မာ့တပ်မတော်ကတော့ ရိုဟင်ဂျာ စစ်သွေးကြွတွေကိုသာ နှိမ်နင်းခြင်းဖြစ်ပြီး အများပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေတာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Ref : BBC News : Geldof returns Dublin honour in protest over Aung San Suu Kyi

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top