လုပ်ဖော်ကိုင်ဖက်နှစ်ဦး အတူတူထီကံစမ်းကြရင်း ထီဆုကြီးပေါက်ခဲ့ကြ

3.3.2023-yyl-iamge-5.jpg

ကင်တပ်ကီပြည်နယ်က လုပ်ဖော်ကိုင်ဖက်နှစ်ဦးဟာ ဒေါ်လာထောင်ချီပိုင်ဆိုင်သွားခဲ့ပါတယ်။ ရာထူးတိုးတာကြောင့်၊ ဘောနပ်ရတာကြောင့်တော့ မဟုတ်ပါဘူး။ အတူတူထီကံစမ်းကြရင်း ထီပေါက်သွားခဲ့တာကြောင့်ပါ။ ValuMarket စတိုးဆိုင်က လုပ်ဖော်ကိုင်ဖက်နှစ်ဦးဖြစ်တဲ့ တိုင်ရှ ထရိုက်နဲ့ ဒိုင်လန် မစ်တ်ချဲလ်တို့က အလုပ်ခဏနားနေတုန်း ခဲခြစ်ထီလက်မှတ်တွေကို ကံစမ်းဖို့လုပ်ခဲ့ကြပါတယ်။

ပထမဆုံး ဒေါ်လာ ၃၀ တန် 500X ခဲခြစ်ထီကို သူတို့နှစ်ဦး ကံစမ်းတော့ ဒေါ်လာ ၁၀၀ ပေါက်ခဲ့တယ်။ အဲဒါနဲ့ ဒေါ်လာ ၅၀ တန် 500X ခဲခြစ်ထီကို ဆက်ပြီး ကံစမ်းကြည့်ကြဖို့ လုပ်ခဲ့ကြတယ်။ သူတို့တွေ ဒေါ်လာ ၅၀ တန် 500X ခဲခြစ်ထီကနေ ဒေါ်လာ ၅၀၀၀၀ ထီဆုကြီး ပေါက်သွားခဲ့တာပါ။ ဒါက 500X ခဲခြစ်ထီက ပေးတဲ့ ဒုတိယအကြီးဆုံးဆုဖြစ်ပါတယ်။

အခွန်ဆောင်ပြီးချိန်မှာ သူတို့နှစ်ဦးက တစ်ယောက်ကို ဒေါ်လာ ၁၇၈၇၅ ရရှိသွားခဲ့ပါတယ်။ သူတို့ရဲ့အလုပ်ရှင်ပိုင်တဲ့ ValuMarket ကလည်း ကံစမ်းသွားတဲ့ 500X ထီကို ရောင်းချပေးတဲ့အတွက် ဒေါ်လာ ၅၀၀ရရှိသွားပါတယ်။ မစ်တ်ချဲလ်ရဲ့မွေးနေ့နဲ့ တစ်ရက်တည်းမှာ သူတို့ရဲ့ထီဆုငွေကို ထုတ်ယူခဲ့ကြပါတယ်။

ထရိုက်က သူ (မ) ရဲ့ဆုငွေတွေကို အိမ်ငှားရမ်းတာနဲ့ ငွေစုတာတွေအတွက် အသုံးပြုဖို့ စီစဉ်ထားပြီး မစ်တ်ချဲလ်ကတော့ ကားတစ်စီးရဖို့နဲ့ နေစရာတိုက်ခန်းရှာဖို့ မျှော်လင့်ထားပါတယ်။

Ref: Co-workers win $50K lotto jackpot together: ‘I’ll never forget it

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top