သမိုင်းဝင်ရှားပါးဓာတ်ပုံတွေ မဖော်ပြပေးခင်မှာ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ဓာတ်ပုံပညာနေ့အကြောင်း အရင်ပြောပြပေးချင်ပါတယ်။ “ဓာတ်ပုံတစ်ပုံက စကားလုံးပေါင်းတစ်ထောင်တန်တယ်” ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒီစကားဟာ ကမ္ဘာ့ဓာတ်ပုံပညာနေ့နောက်ကွယ်က သဘောတရားကို အတိုဆုံးနဲ့ အရှင်းဆုံးဖော်ပြပေးနိုင်ပါတယ်။ အကြောင်းအရာတစ်ခုကို နှုတ်နဲ့ ပြောပြတာထက် ဓာတ်ပုံနဲ့ပြလိုက်တာက ပိုပြီးသဘောပေါက်လွယ်စေနိုင်တာကြောင့်ပါ။
ကမ္ဘာ့ဓာတ်ပုံပညာနေ့အကြောင်း ပြောရရင် ဓာတ်ပုံပညာကို ဂုဏ်ပြုတဲ့အနေနဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကို ကမ္ဘာ့ဓာတ်ပုံပညာနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ အဲဒီနေ့ရဲ့ရည်ရွယ်ချက်က ကျွမ်းကျင်ဓာတ်ပုံဆရာတွေနဲ့ အပျော်တမ်းဓာတ်ပုံဆရာတွေကို အနုပညာနဲ့နည်းပညာတွေ ရောစပ်ထားတဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုအကြောင်း ပိုပြီးပြောလာဖို့အတွက် လှုံ့ဆော်ပေးဖို့ပါ။ ဓာတ်ပုံပညာက ကမ္ဘာကြီးမှာ နေထိုင်နေတဲ့ လူသားတွေရဲ့ဘဝတွေ၊ နေထိုင်မှုပုံစံတွေ၊ လူတွေရဲ့အခိုက်အတန့်အတွေ့အကြုံတွေအပြင် သဘာဝတရားကြီးကိုလည်း မှတ်တမ်းတင်ထားနိုင်တဲ့ ကြားခံတစ်ခုလို့ပြောလို့ရပါတယ်။
ကမ္ဘာ့ဓာတ်ပုံပညာနေ့က ‘daguerreotype’ လို့ခေါ်တဲ့ ပထမဆုံးစီးပွားဖြစ် ဓာတ်ပုံရိုက်ကူးမှုလုပ်ငန်းစဉ်တီထွင်ခဲ့ပြီးတဲ့နောက်မှာ စတင်ခဲ့တာပါ။ အရင်က ဒီလုပ်ငန်းစဉ်ကနေတဆင့် ရုပ်ပုံဖန်တီးခဲ့တာပါ။ ဓာတ်ပုံရိုက်ကူးမှုလုပ်ငန်းစဉ်ကို ၁၈၃၇ ခုနှစ်မှာ ပြင်သစ်လူမျိုး Louis Daguerre က တီထွင်ခဲ့ပြီး ၁၉၄၀ ခုနှစ်နဲ့ ၁၈၅၀ ခုနှစ်ကြား တွင်ကျယ်စွာ အသုံးပြုခဲ့ပါတယ်။
တီထွင်ခဲ့ပြီး (၂) နှစ်အကြာ ၁၈၃၉ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့မှာ the French Academy of Sciences အဖွဲ့အစည်းက dagurreotype ကို တရားဝင်ထောက်ခံပေးခဲ့ပါတယ်။ (၇) လအကြာ ၁၈၃၉ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှာ ပြင်သစ်အစိုးရက ဒီဓာတ်ပုံရိုက်ကူးမှုလုပ်ငန်းစဉ်တီထွင်မှုက တစ်ကမ္ဘာလုံးအတွက် လက်ဆောင်တစ်ခုဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ကြေညာခဲ့တဲ့ အဲဒီနေ့ကို အစွဲပြုပြီး ဩဂုတ်လ ၁၉ ရက်နေ့က ကမ္ဘာ့ဓာတ်ပုံပညာနေ့ဖြစ်လာခဲ့တာပါ။
ကမ္ဘာ့ဓာတ်ပုံပညာနေ့အကြောင်း အကျဉ်းချုပ်ပြောပြီးသွားပြီဆိုတော့ ကမ္ဘာကျော်ပုဂ္ဂိုလ်တချို့ပါဝင်တဲ့ သမိုင်းဝင်ရှားပါးဓာတ်ပုံအနည်းငယ်အပြင် အခြားရှားပါးဓာတ်ပုံတချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီကနေ့မှာ စာဖတ်ပရိသတ်တွေ ဓာတ်ပုံတွေရိုက်ကူးဖြစ်ခဲ့ရင်လည်း မျှဝေပေးခဲ့ပါဦး။
Ref: Rare Photos From History That Will Leave You Spellbound
WL ( ရိုးရာလေး )