ပြင်သစ်နိုင်ငံမှာ စပါးနောက်ခံလူ ဆာ့ဂျ်အူရီရာရဲ့ညီ ပစ်သတ်ခံရ

14-7-2020-yyl-008.jpg

စပါးနောက်ခံလူ ဆာ့ဂျ်အူရီရာရဲ့ ညီဖြစ်သူဟာ ပြင်သစ်နိုင်ငံ တူးလု့စ်မြို့ရဲ့ ညကလပ်အပြင်ဘက်မှာ ပစ်သတ်ခံခဲ့ရပါတယ်။ ဗိုက်ကို သေနတ်မှန်ထားတဲ့ ခရစ္စတိုဖာအူရီရာကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံတင်ပို့ခဲ့ပေမဲ့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာပါ။ သူ့ကို ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူကတော့ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။

ဆာ့ဂျ်အူရီရာလို အိုင်ဗရီကို့စ်နိုင်ငံသားဖြစ်တဲ့ ခရစ္စတိုဖာအူရီရာဟာ ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး ပြင်သစ် ပဉ္စမတန်းလိဂ်မှာ ကစားနေသူပါ။ အဲဒီဖြစ်ရပ်မှာ သေနတ်၂ ချက်ပစ်ခတ်ခဲ့တယ်လို့ သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။ ဆာ့ဂျ်အူရီရာရဲ့ညီ ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းမိတယ်လို့ စပါးအသင်းက ထုတ်ပြန်ကြေညာထားပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top