ပကတိအလား ထင်ယောင်မှားစေတဲ့ ရုပ်တု

30.5.2023-yyl-5.jpg

အခုဓာတ်ပုံထဲမှာ မြင်ရတဲ့ အိပ်နေသူက လူအစစ် မဟုတ်ပါဘူး။ ပကတိအလား ထင်ယောင်မှားစေတဲ့ ရုပ်တုတစ်ခုပဲ ဖြစ်ပါတယ်။ အမေရိကန်ပန်းပုပညာရှင် ဒူအာနီဟန်ဆန် ထုထားတဲ့ ရုပ်တုတစ်ခုပါ။ The Traveler လို့ အမည်ရပြီး အမေရိကန်နိုင်ငံ အော်လန်ဒိုနိုင်ငံတကာလေဆိပ်မှာ ၁၉၈၆ ခုနှစ်ကတည်းက ခင်းကျင်းပြသထားတာ ဖြစ်ပါတယ်။

ခြေကုန်လက်ပန်းကျနေတဲ့ ခရီးသည်အမျိုးသားတစ်ဦးကို ပုံဖော်ထုဆစ်ထားတာ ဖြစ်ပြီးTerminal A ရဲ့ လုံခြုံရေးဂိတ်နှစ်ခုကြား မုန့်ဈေးတန်းအနီးမှာ ဒီရုပ်တုကို ပြသထားတာပါဟောလိဝုဒ်နိုင်ငံတကာလေဆိပ်မှာလည်း ဒူအာနီဟန်ဆန်ရဲ့ Vendor with Walkman ရုပ်တုကို ပြသထားပါတယ်။ ဒူအာနီဟန်ဆန်ဟာ နေ့စဉ်ဘဝထဲက လူတွေကို အသေးစိတ် ပုံဖော်ထုဆစ် ခြယ်သရာမှာ နာမည်ကျော်ကြားသူတစ်ဦး ဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

Ref: Realistic Sculpture That Looks Exactly Like Real Person Confuses Internet

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top