တောင်ကိုရီးယားအဆိုအဖွဲ့ GOT 7 ရဲ့အဖွဲ့ဝင် ယောင်းဂျယ်ဟာ စက်တင်ဘာ ၁၇ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့မွေးနေ့အမှတ်တရအနေနဲ့ စွန့်ပစ်ခံခွေးလေးတွေကို စောင့်ရှောက်ပေးနေတဲ့ တိရစ္ဆာန်ဂေဟာတစ်ခုကို ၇၂၄၁ ဒေါ်လာ (ဝမ် ၁၀ သန်း) လှူဒါန်းခဲ့ပါတယ်။
Korean Dogs အဖွဲ့က ဦးစီးလုပ်ကိုင်တဲ့ Rainbow Shelter ကို လှူဒါန်းခဲ့ကြောင်းနဲ့ တိရစ္ဆာန်တွေကို ကူညီပေးခြင်းဖြင့် သူ့ရဲ့မွေးနေ့ကို ပိုမိုအဓိပ္ပာယ်ရှိစေလိုကြောင်း သူ့ရဲ့အေဂျင်စီက ပြောကြားခဲ့ပါတယ်။ ယောင်းဂျယ်ဟာ အရင်က ဒီဂေဟာကို ပံ့ပိုးကူညီပေးခဲ့ဖူးပါတယ်။ ၂၀၂၅ ခုနှစ်ကုန်ပိုင်းမှာ သူ့ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ ခွေးလေး Coco ရဲ့နာမည်နဲ့ ဝမ် သန်း ၃၀ လှူဒါန်းခဲ့ပြီး ကိုယ်တိုင်သွားရောက်ပြီးတော့ စေတနာ့ဝန်ထမ်းအဖြစ် ခွေးအိမ်တွေသန့်ရှင်းရေးလုပ်ပေးခဲ့ပါတယ်။
ယောင်းဂျယ်က လက်ရှိမှာတော့ လူမှုဝန်ဆောင်မှုလုပ်သားအဖြစ် စစ်မှုထမ်းဆောင်နေပါတယ်။
Ref: GOT 7’s Youngjae donates 10 million won to a dog shelter for his birthday
WL (ရိုးရာလေး)

