အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်တဲ့ ဂျေဆင် မိုမိုအာ နဲ့ လီဆာဘိုးနက်

14-2-2022-yyl7.jpg

(၁၆) နှစ်တာ အတူရှိခဲ့ကြတဲ့ The Aquaman မင်းသား ဂျေဆင် မိုမိုအာနဲ့ the Cosby Show စတား လီဆာဘိုးနက်တို့ဟာ သူတို့ ကွာရှင်းလိုက်ပြီဆိုတာကို ဂျေဆင်ရဲ့အင်စတာဂရမ်အကောင့်က‌နေ ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ ကြေညာလိုက်ပါတယ်။

ကိုဗစ်ကပ်ရောဂါအတောအတွင်း သူတို့ဟာ အချိန်ကြာလာတာနဲ့အမျှ အချင်းချင်းဝေးကွာလာခဲ့တယ်။ ရင်းနှီးမှုတွေနည်းလာခဲ့တယ်။ သူတို့ကြားက ချစ်ခြင်းမေတ္တာတော့ ရှိနေပါသေးတယ်။ သူတို့အချင်းချင်း လွှတ်မြောက်ခွင့်ပေးလိုက်ခြင်းဖြင့် သူတို့ရဲ့သားသမီးတွေအတွက် စံနမူနာတစ်ခုပြချင်တယ်လို့ ဆိုထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ “ဒီအကူးအပြောင်းကာလရဲ့ပြောင်းလဲမှုတွေနဲ့ အကျပ်အတည်းတွေကို ကျွန်တော်တို့အားလုံး ခံစားခဲ့ရတယ်။ ပြောင်းလဲမှုတစ်ခု ပေါ်လာခဲ့တယ်။ ကျွန်တော်တို့ မိသားစုလည်း ခြွင်းချက်မရှိပါပဲ။ ကျွန်တော်တို့ ဝေးကွာလာမှုက ကြီးထွားလာခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ အိမ်ထောင်ရေးကို အဆုံးသတ်တော့မယ်ဆိုတဲ့ ကျွန်တော်တို့မိသားစုရဲ့သတင်းကို မျှဝေလိုက်ရပါတယ်”

“ဒါကို သတင်းကောင်းလို့ ထင်ပြီး မျှဝေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒါမှပဲ ကျွန်တော်တို့ဘဝတွေကို ဂုဏ်သိက္ခာရှိရှိ ရိုးသားစွာ ဆက်သွားနိုင်မှာပါ။ ကျွန်တော်တို့ကြားကချစ်ခြင်းမေတ္တာက ဆက်ပြီးရှိနေပါတယ်။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် လွှတ်မြောက်ခွင့်ပေးလိုက်တယ်။ ကျွန်တော့်ကလေးတွေအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့သံယောဇဉ်တွေကတော့ မယိမ်းမယိုင်ပါပဲ။ ကျွန်တော်တို့ကလေးတွေကို တက်နိုင်သလောက် သွန်သင်ဆုံးမတာ၊ ဆုတောင်းမေတ္တာပို့သတာတွေ ရှိနေမှာပါ”လို့ ရေးသားထားပါတယ်။

လီဆာအတွက် ဂျေဆင်ရဲ့ချစ်ခြင်းမေတ္တာဟာ Childhood Crush အနေနဲ့ စတင်ခဲ့တာပါ။ မဖြစ်နိုင်ဘူးလို့ တစ်ယောက်ယောက်က ပြောရင် ဒီမှာ ကြည့် လီဆာနဲ့ လက်ထပ်လိုက်တယ်။ ဘာမဆိုဖြစ်နိုင်တယ်လို့ အရင်က ဂျေဆင်ထုတ်ပြောပြခဲ့ဖူးပါတယ်။ ဂျေဆင် Game of Thrones မှာ ပါဝင်ပြီး နာမည်မကျော်ကြားခင် ၂၀၀၅ခုနှစ်က လီဆာနဲ့ club တစ်ခုမှာ တွေ့ဆုံခဲ့ကြပြီး တွဲခဲ့ကြတယ်လို့ သတင်းထွက်ခဲ့ပါတယ်။

၂၀၀၇ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့မှာ လက်ထပ်ခဲ့ကြတယ်လို့ ဆိုကြပေမဲ့ ၂၀၁၇ခုနှစ် အောက်တိုဘာမှာမှ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ ၂၀၀၇ခုနှစ် ဇူလိုင်လမှာ ဂျေဆင်နဲ့ လီဆာတို့ရဲ့ သမီးဉီးလေးကို မွေးဖွားခဲ့ပါတယ်။ ဒုတိယသားလေးကိုတော့ ၂၀၀၈ခုနှစ် ဒီဇင်ဘာမှာ မွေးဖွားခဲ့ပါတယ်။

Ref: AsiaOne “Jason Momoa and Lisa Bonet split after 16 years together”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top