Squid Game Season 2 ကို အတည်ပြုပေးခဲ့ပြီး Player 456 ပြန်ပါလာမယ်ဆိုတဲ့ ဒါရိုက်တာဟွမ်ဒုန်ဟော့ခ်

11-11-2021yyl2.jpg

ကမ္ဘာ့တစ်ဝှမ်းမှာ အတော်လေးအောင်မြင်သွားခဲ့တဲ့ Netflix ရဲ့ မူရင်းတီဗီစီးရီး Squid Game ရဲ့ပဲ့ကိုင်ရှင် ဒါရိုက်တာ ဟွမ်ဒုန်ဟော့ခ် (Hwang Dong Hyuk) က ဒုတိယတွဲရိုက်ကူးမယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က အင်တာဗျူးတစ်ခုမှာ “ကျွန်တော်တို့ Season 2 အကြောင်း တိုင်ပင်ဆွေးနွေးနေပါတယ်။ ကျွန်တော့်ခေါင်းထဲမှာ Season 2 နဲ့ပတ်သက်ပြီး အကုန်လုံးရှိတယ်။ အခြေခံဇာတ်အိမ်၊ များပြားတဲ့အစီအစဉ်တွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ ခေါင်းချင်းဆိုင်အဖြေရှာနေတဲ့အဆင့်ရောက်နေပါတယ်။ ကျွန်တော် Season 2 ရှိမယ်ဆိုတာ ကြိုပြောထားပေမဲ့ ဘယ်တော့လဲဆိုတာကိုတော့ အခုမပြောနိုင်သေးပါဘူး”လို့ ဆိုပါတယ်။

မင်းသားလီဂျောင်ဂျေး (Lee Jung Jae) သရုပ်ဆောင်ခဲ့တဲ့ Player 456 ပြန်ပါလာမယ်ဆိုတာကိုလည်း “သူ ပြန်လာမှာပါ။ သူ ပြန်လာမှာဖြစ်ပြီး ဒီကမ္ဘာကြီးနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်မှာပါ”လို့ ဒါရိုက်တာ ဟွမ်ဒုန်ဟော့ခ်က ပြောပါတယ်။ Squid Game ရဲ့ ဒါရိုက်တာ ဟွမ်ဒုန်ဟော့ခ်၊ မင်းသား လီဂျောင်ဂျေးနဲ့အခြားသရုပ်ဆောင်တွေက နိုဝင်ဘာ ၈ ရက်နေ့က လော့စ်အိန်ဂျယ်လိစ်မြို့မှာ ပြုလုပ်တဲ့ Squid Game တီဗီစီရီးအထူးပြပွဲကို တက်ရောက်ခဲ့ကြတာပါ။

Squid Game က လူတော်တော်များအပေါ်မှာ လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဟော်လိုဝင်းရာသီတုန်းကလည်း Squid Game ထဲကလို ဝတ်ဆင်ခဲ့ကြပါတယ်။ ရာသီဉတုပြောင်းလဲမှုတတ်ကြွလှုပ်ရှားသူတွေက the United Nations global climate summit ရှေ့မှာ Squid Game ထဲကလို ပုံစံမျိုးတွေ ဝတ်ဆင်ဆန္ဒပြခဲ့ကြပါသေးတယ်။

ဒါရိုက်တာဟွမ်ဒုန်ဟော့ခ်က သူဖန်တီးခဲ့တဲ့ ဇာတ်လမ်းရဲ့အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး မယုံကြည်နိုင်ဖြစ်နေပါတယ်။ “ဒါက တကယ်ကြီးကိုပဲ အိပ်မက်လိုခံစားရပါတယ်။ ကျွန်တော်ကိုယ်တိုင်က အံ့ဖွယ်ကမ္ဘာကြီးထဲမှာ နေထိုင်နေရသလိုပါပဲ။ ဒီလိုဖြစ်နေတာကို ကျွန်တော်မယုံနိုင်ဘူး။ ဒီလောက်ကြီးကြီးမားမားဖြစ်စေခဲ့မယ်လို့ စိတ်တောင်မကူးမိခဲ့ပါဘူး။ ဒါက ချစ်ခင်အားပေးမှုတွေ ဒီလောက်ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါကြောင့် အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်”လို့ ဒါရိုက်တာဟွမ်ဒုန်ဟော့ခ်က အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

Ref: AsiaOne “Squid Game season 2 confirmed and Player 456 will return, director Hwang Dong-hyuk says”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top