ပါကစ္စတန်နိုင်ငံမှာ ဆီးနှင်းအလွန်အမင်းကျလို့ ကားတွေပိတ်မိပြီး အနည်းဆုံး လူ ၂၁ ယောက် သေဆုံး

8-2-2022-yyl2.jpg

ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှာ ဆီးနှင်း အလွန်အမင်းကျဆင်းပြီး ကားတွေပိတ်မိနေလို့ အနည်းဆုံး လူ ၂၁ ယောက် သေဆုံးခဲ့ပါတယ်။ အစ္စလာမ်မာဘတ် မြောက်ပိုင်း မာရီးတောင်ထိပ်မြို့မှာ ဆောင်းရာသီ ဆီးနှင်းကျမှုကို လာကြည့်တဲ့ ခရီးသည်တွေ များပြားလွန်းလို့ ယာဉ်အစီးရေ ၁၀၀၀ လောက် ပိတ်မိနေခဲ့တာပါ။

သေဆုံးသူတွေထဲမှာ ရဲအရာရှိ၊ ဇနီးဖြစ်သူနဲ့ ကလေး ၆ ယောက် ပါဝင်ပြီး တခြားမိသားစု ၅ ဦးလည်း ပါဝင်ခဲ့တယ်လို့ ဒေသခံအရေးပေါ်ဌာန Rescue 1122 က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အနည်းဆုံး ၆ ဦးဟာ သူတို့ရဲ့ကားတွေထဲမှာ အေးခဲပြီး သေဆုံးခဲ့ရတာပါ။ ပါကစ္စတန်စစ်တပ်က လမ်းတွေကို ရှင်းလင်းပြီး ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

မာရီးမြို့ကို လာရောက်သူများပြားလွန်းလို့ အခုလို အကျပ်အတည်း ကြုံတွေ့ရတာလို့ ပြည်ထဲရေးဝန်ကြီး ရှိတ်ရာရှစ်က ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကိုလိုနီခေတ်ဟောင်းမြို့ကို လာရောက်တဲ့ ကားအစီးရေ ၁ သိန်းကျော် ရှိခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာလည်း နှင်းတွေကြားမှာ ပျော်မြူးနေတဲ့ ဓာတ်ပုံတွေ ပျံ့နှံ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာ ခရီးသည်တွေ ပိတ်မိနေခဲ့ပြီး စနေနေ့က ဆီးနှင်း အလွန်အမင်း ကျဆင်းလာသလို ကားအစီးရေလည်း ပိုများလာတဲ့အတွက် အာဏာပိုင်တွေက အဲဒီဒေသကို ဘေးသင့်ဇုန်အဖြစ် ကြေညာခဲ့ရပါတယ်။

ဆီးနှင်းတွေကြားမှာ ပိတ်မိနေသူတွေကို ဒေသခံတွေက စောင်တွေနဲ့ စားစရာတွေ ကူညီပေးခဲ့ပြီး မာရီးမြို့အထိ ရောက်ရှိခဲ့သူတွေကိုတော့ အစိုးရ အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေမှာ ခိုလှုံခိုင်းထားပါတယ်။ မာရီးမြို့ဟာ ပင်လယ်ရေမျက်နှာပြင် အထိ ပေ ၇၅၀၀ အကွာမှာ တည်ရှိပါတယ်။

Ref: BBC “Pakistan: Many dead as heavy snow traps drivers in their vehicles”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top