Spider-Man:No Way Home က ကပ်ရောဂါကာလ ရုံဝင်ကြေး ၁ ဘီလျံကျော်ရတဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်လာ

27.12.2021yyl26.jpg

Spider-Man နောက်ဆုံးထွက်ဇာတ်ကား No Way Home ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကမ္ဘာတစ်ဝန်းမှာ ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရောင်းရတဲ့ ပထမဆုံးရုပ်ရှင်ကား ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၉၀၅ သန်းကျော် ရရှိခဲ့တဲ့ ကိုရီးယားစစ်ပွဲ သရုပ်ဖော် The Battle of Lake Changjin ကို ကျော်ဖြတ်ပြီး ၂၀၂၁ ခုနှစ်ရဲ့ ရုံဝင်ကြေးအများဆုံးရ ရုပ်ရှင်ကားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရရှိခဲ့တဲ့ နောက်ဆုံးဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Star Wars: The Rise of Skywalker ဖြစ်တယ်လို့ မီဒီယာ အချက်အလက်ခွဲခြမ်းစိတ်ဖြာရေးလုပ်ငန်း Comscore က ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း တခြား ဟောလိဝုဒ်ဇာတ်ကားအားလုံး ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၁ ဘီလျံလောက် မရခဲ့ပါဘူး။ ကမ္ဘာတစ်ဝန်းမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ပျံ့နှံ့မှုတွေရှိနေပေမဲ့ Sony နဲ့ Disney တို့ ပူးပေါင်းထုတ်လုပ်တဲ့ Spider-Man: No Way Home ဇာတ်ကားဟာ အထူးပွဲပြပြီး ရက်သတ္တ ၂ ပတ်မပြည့်ခင်မှာပဲ ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလျံ ရရှိခဲ့တာပါ။ အဲဒီရုပ်ရှင်ကားကို လက်ရှိ ကမ္ဘာ့အကြီးဆုံးရုပ်ရှင်ဈေးကွက်ရှိတဲ့ တရုတ်မှာ ဖြန့်ချိရခြင်း မရှိသေးပါဘူး။

Ref: BBC ” Spider-Man: No Way Home becomes first pandemic-era film to top $1bn”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top