ဂျင်းဘောင်းဘီအကျပ်တွေကို တစ်နေ့လုံးအကြာကြီးဝတ်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်လဲ

10-2-2022-yyl09.jpg

လူတော်တော်များများက ဂျင်းဘောင်းဘီတွေကို နှစ်ပေါင်းများစွာ စတိုင်ကျကျဝတ်ဆင်လာခဲ့ကြတာပါ။ ၂၀၂၂ခုနှစ်မှာလည်း ခေတ်စားနေတုန်းပါပဲ။ ဒါပေမဲ့ အပြင်သွားတဲ့ အခါမျိုးမှာပဲ ကျပ်တဲ့ဂျင်းဘောင်းဘီတွေကို ဝတ်ဆင်သင့်ပါတယ်။ အိမ်မှာရှိနေတဲ့အချိန်၊ အိမ်ပြန်ရောက်တဲ့အချိန်မှာ ချောင်ချောင်ချိချိဘောင်းဘီမျိုးကို ရွေးချယ်ဝတ်ဆင်တာအကောင်းဆုံးပါပဲ။ စတိုင်ကျတဲ့ ဂျင်းဘောင်းဘီအကျပ်တွေကို မကြာခဏဝတ်ဆင်တာ (သို့) တစ်နေ့လုံးအကြာကြီးဝတ်ဆင်တာက သင်ထင်ထားတာထက် ပြဿနာတွေပိုဖြစ်စေနိုင်ပါတယ်။ ဂျင်းဘောင်းဘီအကျပ်တွေကို ပုံမှန်ဝတ်ဆင်တာက သင့်ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုရှိစေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဘာတွေဖြစ်လာနိုင်လဲဆိုရင်

သင့်ခြေထောက်တွေကို နာကျင်စေနိုင်တယ်

ဂျင်းဘောင်းဘီတွေက စတိုင်ကျတာဟုတ်ပေမဲ့ အပြင်သွားတဲ့အခါမျိုး ခဏတစ်ဖြုတ်ဝတ်ဆင်တာပိုကောင်းပါတယ်။ ဂျင်းဘောင်းဘီအကျပ်မဟုတ်ဘဲ ဂျင်းဘောင်းဘီအပွကို ဝတ်ဆင်လို့လည်းရပါတယ်။ တစ်နေ့လုံးအကြာကြီး ဂျင်းဘောင်းဘီအကျပ်ကို ဝတ်ဆင်ထားတာက သင့်ခြေထောက်က ကြွက်သားနဲ့သွေးလွှတ်ကြောတွေကို နာကျင်စေနိုင်ပါတယ်။ ဂျင်းဘောင်းဘီနဲ့ ခါးပတ်တို့ ပေါင်းစပ်လိုက်တဲ့အခါမှာလည်း သင့်ရဲ့ပေါင်မှာ Skinny Pant Syndrome လို့ ခေါ်တဲ့ တုံကျင်နာကျင်တဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်။

သွေးလည်ပတ်မှုကိုနှေးကွေးစေတယ်

ဂျင်းဘောင်းဘီဝတ်တဲ့အခါ သင့်ခြေထောက်တွေလေလံနာကျင်သလိုခံစားရရင် သက်တောင့်သက်သာရှိတဲ့ဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်တာအကောင်းဆုံးပါပဲ။ သင့်ခါးတစ်ဝိုက် တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေဝတ်ဆင်တာက သင့်ရဲ့သွေးလည်ပတ်မှုကို လျော့ကျစေပြီး နှလုံးနဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေဆီ သွေးတွေ စီးဆင်းဖို့ သွေးပြန်ကြောတွေအတွက် ပိုပြီးခက်ခဲစေနိုင်ပါတယ်။

ရင်ပူရင်ဆာဖြစ်ခြင်းကို ပိုဆိုးရွားစေတယ်

ဂျင်းဘောင်းဘီအကျပ်တွေကို အကြာကြီးဝတ်ဆင်ရင်းနဲ့ သင့်ခါးတစ်ဝိုက်မှာ အရာတွေထင်ကျန်ခဲ့တာကို သင် သေချာပေါက် သတိထားမိဖူးမှာပါ။ ဝမ်းဗိုက်ကို ဖိအားဖြစ်တဲ့ အဝတ်အစားအကျပ်တွေက အက်ဆစ်ပြန်စီးခြင်း (Acid Reflux)ကို ဖြစ်စေနိုင်ပါတယ်။ သင်က ရင်ပူရင်ဆာဖြစ်ခြင်းကို မခံစားဘူးရင်တောင် ဂျင်းဘောင်းဘီကို နှစ်ပတ်လောက် ပုံမှန်ဝတ်ဆင်မယ်ဆိုရင် သင်လည်း အက်ဆစ်ပြန်စီးခြင်း ဖြစ်နိုင်ခြေရှိပါတယ်။

ကိုယ်နေဟန်ထားအပေါ် သက်ရောက်စေနိုင်တယ်

ဂျင်းဘောင်းဘီအကျပ်တွေကို အကြာကြီးဝတ်ဆင်ရင်း သင့်ကို ပျော့တိပျော့ခွေနေစေနိုင်ပါတယ်။ ‌ဂျင်းဘောင်းဘီအကျပ်တွေက သင့်ရဲ့ခါးနဲ့ တင်းပါးကြားရှိ ကျန်းမာရေးနဲ့ညီညွှတ်တဲ့မျှတမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အလွန်အမင်းခါးအောက်ပိုင်းကွေးညွှတ်စေနိုင်တဲ့အတွက် သင့်ရဲ့ကျောရိုးနုလွှာမှာ ဖိအားဖြစ်စေနိုင်ပါတယ်။

မျိုးဆက်ပွားကျန်းမာရေးအတွက် မကောင်းနိုင်

နေ့တိုင်း ဂျင်းဘောင်းဘီအကျပ်တွေဝတ်ဆင်တာက ကူးစက်ရောဂါနဲ့ ယားယံခြင်းတွေကို ကြုံတွေ့ရနိုင်ခြေများလာစေနိုင်ပါတယ်။ အဲဒီအထဲကမှ တစ်ခုက နာတာရှည်အမျိုးအသီးအပြင်လိင်အင်္ဂါနာကျင်ခြင်း (Vulvodynia) အခြေအနေဖြစ်ပါတယ်။ ဂျင်းဘောင်းဘီအကျပ်ကို တစ်ပတ် (၄) ကြိမ် (သို့) (၄) ကြိမ်ထက်ပိုဝတ်ဆင်တဲ့ အမျိုးသမီးတွေက မဝတ်တဲ့အမျိုးသမီးတွေထက် Vulvodynia ဖြစ်နိုင်ခြေ နှစ်ပိုများတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ရပါတယ်။

Ref: Brightside “What Might Happen If You Wear Jeans All Day Long”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top