မြောက်ကိုရီးယားစမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်က အသံထက် ၁၀ ဆ ပိုမြန်တယ်လို့ ဆို

11-2-2022-yyl3.jpg

မြောက်ကိုရီးယားနိုင်ငံက ဒီကနေ့ ( ဇန်နဝါရီလ ၁၁ ) စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် (ပဲ့ထိန်းဒုံးကျည်ဟု ယူဆ)ဟာ ပြီးခဲ့တဲ့တစ်ပတ်က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ထက် ပိုအဆင့်မြင့်ပြီး အသံထက် ၁၀ ဆကျော် ပိုမြန်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

တရုတ် – မြောက်ကိုရီးယားနယ်စပ်နားမှာရှိတဲ့ ဂျန်ဂန်ပြည်နယ်ကနေ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ ၄၃၅ မိုင်အကွာအဝေးအထိ ရောက်ရှိခဲ့ပြီး အမြင့် ၃၇ မိုင်အထိ ရောက်ရှိခဲ့ကာ ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်နိုင်ငံကြားက သမုဒ္ဒရာထဲ ကျရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အသံထက်မြန်တဲ့ဒုံးကျည်ဆိုတာ လေထဲမှာ ဒုံးကျည်က သယ်ဆောင်နိုင်တဲ့ ထိပ်ဖူးအလေးချိန်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက စမ်းသပ်ခဲ့တဲ့ ဒုံးကျည်မှာ ဒုံးကျည်ထိပ်ဖူးက hypersonic glide vehicle (HGV) ဖြစ်ဖွယ် ရှိပါတယ်။ ပုံမှန်အားဖြင့် (HGV) ဟာ အသံထက် အဆ ၂၀ ပိုမြန်တဲ့နှုန်းအထိ သွားနိုင်ပြီး လေထဲမှာ လမ်းညွှန်ထိန်းချုပ်နိုင်စွမ်းရှိလို့ ပစ်ချဖို့ မဖြစ်နိုင်သလောက်ပဲလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

” တောင်ကိုရီးယားစစ်တပ်က အဲဒီဒုံးကျည်ကို ရှာဖွေပြီး ကြားဖြတ်ပစ်ချနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်ရဲ့တုံ့ပြန်မှုစနစ်ကို ဂရုတစိုက် အားကောင်းခိုင်မာအောင် လုပ်ဆောင်နေတာပါ” လို့ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ အမေရိကန် (သို့) တောင်ကိုရီးယားပိုင်နက်နဲ့ စစ်သည်တွေကို ခြိမ်းခြောက်နိုင်စွမ်းမရှိဘူးလို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ တရားမဝင်လက်နက်စီမံကိန်းကြောင့် မတည်ငြိမ်မှု ဖြစ်စေတာကို မီးမောင်းထိုးပြနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီကနေ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံက သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့တစ်ပတ် ဒုံးကျည်စမ်းသပ်မှုမှာတော့ စမ်းသပ်မှုအပြီး ၂၄ နာရီအကြာမှာ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

Ref: CNN “Suspected North Korea missile test hit speed of Mach 10, more advanced than previous test, Seoul says”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top