The Siena International Photo Awards 2021 ရဲ့ တစ်နှစ်တာအကောင်းဆုံးဓာတ်ပုံ

27-10-2021yyl01.jpg

The Siena International Photo Awards က ၂၀၂၁ခုနှစ်အတွက် အကောင်းဆုံးဓာတ်ပုံဆုရှင်တွေကို မကြာသေးခင်က ကြေညာခဲ့ပါတယ်။ ထောင်ချီစာရင်းပေးသွင်းထဲအထဲကမှ အကောင်းဆုံးဓာတ်ပုံတွေကို ရွေးချယ်ခဲ့တာပါ။ အခုနှစ်မှာတော့ ကိုဗစ်အကြောင်းအရာပါတဲ့ဓာတ်ပုံတွေလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၂၁ခုနှစ်ရဲ့ The Siena International Photo Awards ပြိုင်ပွဲက ဓာတ်ပုံအမျိုးအစားအစုံအလင်လှပါတယ်။ ဓာတ်ပုံတစ်ခုချင်းစီမှာ ကိုယ်ပိုင်ဆုရရှိသူတွေရှိပေမဲ့ ပြိုင်ပွဲတစ်ခုလုံးရဲ့ winner ကတော့ မက်ချ်မက် အစ္စလန် (Mehmet Aslan) ဆိုတဲ့တူရကီဓာတ်ပုံဆရာဖြစ်ပါတယ်။

မက်ချ်မက်ရဲ့ဓာတ်ပုံကတော့ Hardship of Life ဆိုတဲ့ခေါင်းစဥ်နဲ့ တစ်နှစ်တာအကောင်းဆုံးဓာတ်ပုံဖြစ်ခဲ့ပါတယ်။ မက်ချ်မက်ရဲ့ဒီဓာတ်ပုံကို မြင်လိုက်တာနဲ့ ထူးခြားတဲ့ခံစားချက်ကိုသေချာပေါက်ခံစားကြရမှာပါ။ ဓာတ်ပုံထဲက လူ၂ယောက်ရဲ့အကြောင်းကို ထပ်​ပြီးသိသွားမယ်ဆိုရင်တော့ ဂရုဏာသက်မိကြမယ်ထင်ပါတယ်။ အဲဒီဓာတ်ပုံထဲမှာ တွေ့ရတာကတော့ သားအဖ ၂ ဦးဖြစ်ပါတယ်။ ဖခင်ဖြစ်သူ မန်ဇာ (Munzir) ဟာ ဆီးရီးယားနိုင်ငံ၊အိုင်ဒလစ်ပ်မြို့က စျေးတစ်ခုကို ဖြတ်သွားတဲ့အချိန် ဗုံးထိမှန်ပြီး ညာဖက်ခြေထောက်ဆုံးရှုံးခဲ့ရပါတယ်။

သားဖြစ်သူ မူစတာဖာ (Mustafa) ကလည်း ဆီရီးယားစစ်ပွဲအတွင်း ထုတ်လွှတ်ခဲ့တဲ့ အဆိပ်ငွေ့တွေကြောင့် ​သူ့မိခင် ဇီနက်ပ် (Zeynep) နေမကောင်းဖြစ်ပြီး သောက်ခဲ့ရတဲ့ဆေးတွေကြောင့် ခန္ဓာကိုယ်အောက်ပိုင်းမပါဘဲမွေးဖွားလာခဲ့ရတာပါ။ မူစတာဖာဟာ နောက်ပိုင်းကျရင် အထူးပြုလုပ်ထားတဲ့လျှပ်စစ်ခြေအတုလိုအပ်လာမှာဖြစ်ပေမဲ့ သူတို့နေထိုင်နေတဲ့နေရာမှာ မရနိုင်သေးဘူးလို့ သိရပါတယ်။ မန်ဇာတို့မိသားစုက အိုင်ဒလစ်ပ်မြို့ကနေ ထွက်ပြေးခဲ့ပြီး အခု တူရကီတောင်ပိုင်း၊ ဆီးရီးယားနယ်စပ်အနီးနားမှာ နေထိုင်နေပါတယ်။

The Siena International Photo Awards ရဲ့ကော်မတ်အဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်တဲ့ မာရီယာ (Maria) ကလည်း ဒီဆုပေးပွဲအကြောင်း အင်တာဗျူးဖြေကြားထားပါတယ်။ SIPAရဲ့ရည်ရွယ်ချက်က ဓာတ်ပုံဝါသနာအိုး​တွေနဲ့ဓာတ်ပုံချစ်သူတွေအတွက် မိသားစုတစ်စု ဖန်တီးပေးဖို့နဲ့ Sienaလို ထူးခြားသောမြို့တစ်မြို့မှာ ထူးခြားတဲ့ အတွေ့အကြုံ​တွေနဲ့ နေထိုင်နိုင်မယ့် အခွင့်အလမ်းပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့တစ်ဝှမ်းက နှစ်တိုင်းပါဝင်ခဲ့ကြတဲ့ ဓာတ်ပုံဆရာတွေရဲ့စိတ်အားထက်သန်မှုတွေက ပြိုင်ပွဲတွေဆက်လက်ကျင်းပပေးဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ မာရီယာက ပြောပါတယ်။ “ပြိုင်ပွဲဝင်တွေရဲ့ဓာတ်ပုံတွေကြောင့် နှစ်တိုင်း ပြိုင်ပွဲက ကွာခြားပြီး အသစ်အသစ်တွေဖြစ်နေပါတယ်။ အခုနှစ်ရဲ့တစ်နှစ်တာအကောင်းဆုံးပုံက ဒါရဲ့သာဓကပါပဲ”လို့ မာရီယာက ဆိုပါတယ်။

အခုနှစ်ရဲ့ The Siena International Photo Awards ကို ဝင်ရောက်ယှဉ်ပြိုင်စာရင်းပေးသွင်းသူ ၄၈,၀၀၀ ကျော်ရှိခဲ့ပြီး ဆုရရှိခဲ့သူတွေကို နိုင်ငံတကာအဆင့်မီ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာနဲ့ဂျာနယ်လစ်တွေက အကဲဖြတ်ရွေးချယ်ခဲ့တာပါ။ ဆုရရှိခဲ့သူတွေက ဆုကြေးအပြင် Siena မှာ အခမဲ့တည်းခိုခွင့်၊ the Pangea တို့ကိုရရှိမှာပါ။

Ref: ‘Hardship of Life’: Heartbreaking photo of Syrian father & son wins SIPA awards 2021

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top