ကလေးလူနာတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိတဲ့ လီဆောင်ဂီ

28-2-2022-yyl10.jpg

ကိုရီးယားအဆိုတော်မင်းသားချော လီဆောင်ဂီ (Lee Seung Gi) က လိုအပ်နေတဲ့သူတွေကို အလှူငွေထည့်ဝင်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၇ ရက်နေ့က ဆောင်ဂီက နာလန်ပြန်ထူနိုင်အောင် လုပ်ဆောင်နေရတဲ့ ကလေးတွေနဲ့ဆယ်ကျော်သက်တွေကို ကူညီပေးဖို့အတွက် Severance Hospital ဆီ ဝမ် သန်း ၁၀၀ (ဒေါ်လာ ၈၂၉၉၇) လှူဒါန်းခဲ့ပါတယ်။

၂၀၁၉ခုနှစ်တုန်းကလည်း ဆောင်ဂီက ကျောရိုးထိခိုက်ထားတဲ့ ကလေး (၂၃) ဉီးအတွက် ဝှီးချဲတွေ၊ ခြေတုလက်တုနဲ့ ကိုယ်နေဟန်ထားပြုပြင်ပေးတဲ့ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ဝမ် သန်း ၁၀၀ ပေးခဲ့ပါတယ်။ ၂၀၂၀ခုနှစ်မှာလည်း ဆောင်ဂီရဲ့ Fan Club AIREN ဟာ အလားတူဆေးရုံက ကျောရိုးထိခိုက်ဒဏ်ကြောင့် နလန်ပြန်ထူထောင်နိုင်ဖို့ လုပ်ဆောင်နေတဲ့ လူနာတွေအတွက် ဝမ် ၁၀ သန်း (ဒေါ်လာ ၈၃၀၂) ကို လှူဒါန်းခဲ့ပါတယ်။

“ကျွန်တော်ရဲ့ နောက်ဆုံးလှူဒါန်းမှုကနေတဆင့် အကူအညီရခဲ့ကလေးတွေက သူတို့ ကုသမှုခံယူပြီးတော့ ကျွန်တော့်ဆီ စာတွေပို့တဲ့အခါ ကျွန်တော် တကယ်ကို ကျေးဇူးတင်မိပြီး သူတို့ဆီက ကျွန်တော် ပေးခဲ့တာထက် ပိုပြီး ရခဲ့တယ်လို့ ကျွန်တော်တွေးမိခဲ့တယ်။ ကျွန်တော်နဲ့ စိတ်တူကိုယ်တူ လက်တွဲပါဝင်လှူဒါန်းပေးခဲ့တဲ့ ကျွန်တော့်ပရိသတ်တွေကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ဒီလှူဒါန်းမှုက ကလေးတွေ ကျန်းမာပျော်ရွှင်စွာနဲ့ နေထိုင်နိုင်ပြီး အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အနည်းဆုံးတော့ အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တယ်” လို့ လီဆောင်ဂီက ပြောခဲ့ပါတယ်။

ပရိသတ်တွေက လီဆောင်ဂီကို “My Girlfriend is Gumiho” ဇာတ်လမ်းတွဲနဲ့ လူသိများခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က သူ ပါဝင်ထားတဲ့ “Mouse” ဇာတ်လမ်းတွဲထွက်ရှိခဲ့ပါတယ်။

Ref: Soompi “Lee Seung Gi Makes Meaningful Donation To Hospital Patients”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top