ပူစီနံရွက်ရဲ့အလှအပအကျိုးကျေးဇူးများ

unnamed-6.png

ပူစီနံရွက်က မျက်နှာသစ်ဆေး၊ Moisturiser နဲ့ Lotion တွေလို အလှအပထုတ်ကုန်တွေထုတ်လုပ်တဲ့အခါ အရေးပါတဲ့ပါဝင်ပစ္စည်းတစ်ခုပါပဲ။ ပူစီနံရွက်က အရေပြားကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့အာဟာရဓာတ်တွေ ပြည့်ဝနေတာပါ။ ပူစီနံရွက်ရဲ့ အန်တီဘတ်တီးရီးရယ်ဂုဏ်သတ္တိတွေက မျက်နှာသစ်ဆေး၊ တိုနာနဲ့ Moisturiser တွေလို လုပ်ဆောင်နိုင်ပါတယ်။ စာဖတ်ပရိသတ်တွေမသိသေးတဲ့ ပူစီနံရွက်ရဲ့အလှအပအကျိုးကျေးဇူးတွေလည်းရှိပါသေးတယ်။ ဒါကြောင့် ဒီဆောင်းပါးကနေတဆင့် မျှဝေပေးလိုက်ရပါတယ်။

ဝက်ခြံကုသပေးတယ်

ပူစီနံရွက်က အရေပြားမှာ သိုဝှက်ထားတဲ့ Sebum အဆီတွေကို ထိန်းချုပ်ပေးတဲ့ ဆလီဆလစ်အက်စစ် (salicylic acid) နဲ့ ဗီတာမင်အေဓာတ်တွေ ကြွယ်ဝပါတယ်။ အဆီပြန်တဲ့သူတွေက ဝက်ခြံပိုပြီးပေါက်လွယ်ပါတယ်။ ပူစီနံရွက်ရဲ့ဘတ်တီးရီးယားနဲ့မှိုတွေကို တိုက်ဖျက်တွန်းလှန်ပေးတဲ့ ဓာတ်တွေက အသားရေရောင်ရမ်းတာကို ကာကွယ်ပေးပြီး ဝက်ခြံကိုလည်း ကုသပေးပါတယ်။ ဘာအရောအနှောမှမပါဘဲ ပူစီနံရွက်ကြိတ်ထားတဲ့ အနှစ်ကို ဝက်ခြံပေါ်လိမ်းထားလိုက်ပြီး ခြောက်သွားတဲ့အထိ ၁၅ မိနစ်လောက် အချိန်ပေးလိုက်ပါ။ ဒါက ဝက်ခြံအမာရွက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ထိခိုက်ဒဏ်ရာကို ကုသပေးတယ်

ပူစီနံရဲ့ ရောင်ရမ်းတာကို တွန်းလှန်ပေးတဲ့ဂုဏ်သတ္တိက ပြတ်ရှတာ၊ ဒဏ်ရာရတာ၊ ခြင်ကိုက်ရာနဲ့ အရေပြားယားယံတာတွေကို ကုသတဲ့နေရာမှာကူညီပေးပါတယ်။ ပူစီနံရွက်ကို ကြိတ်ပြီးရလာတဲ့အရည်ကို ဒဏ်ဖြစ်တဲ့အရေပြားမှာ လိမ်းလိုက်ရမှာဖြစ်ပါတယ်။

အသားရေကို ရေဓာတ်ဖြည့်ပေးတယ်

ပူစီနံရွက်က အသားရေကို သဘာဝအလျောက် ကြည်လင်လာစေနိုင်ပါတယ်။ ချွေးပေါက်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အရေပြားကို ရေဓာတ်ပြည့်ဝစေပါတယ်။ အရေပြားမှာ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် မျက်နှာမှာ အရေးအကြောင်းတွေဖြစ်မလာအောင်လည်း ကာကွယ်ပေးပါတယ်။ ပူစီနံရွက်အနှစ်ကို မျက်နှာမှာလိမ်းလိုက်ပြီး သန့်စင်တဲ့ရေနဲ့ မဆေးကြောခင် မိနစ် ၂၀ (သို့) ၂၅ မိနစ်လောက် ထားလိုက်ရမှာဖြစ်ပါတယ်။

မျက်ကွင်းညိုတာကို သက်သာစေတယ်

ပူစီနံရွက်ရဲ့ အန်တီအောက်စီဒန့်က မျက်ကွင်းညိုတာတွေကို သက်သာအောင်ကူညီပေးနိုင်ပါတယ်။ လုပ်ရမယ့်နည်းကတော့ လွယ်ကူရိုးရှင်းပါတယ်။ ပူစီနံရွက်ကိုကြိတ်ချေပြီး ရလာတဲ့အနှစ်ကို မျက်ကွင်းညိုတဲ့နေရာမှာ လိမ်းပြီး တစ်ညလုံးဒီအတိုင်းထားလိုက်ပါ။ မျက်လုံးအောက်က ညိုနေတဲ့အသားရေကို လျော့ပါးသွားစေမှာဖြစ်ပါတယ်။

အသားရေကို ကြည်လင်ဝင်းပစေတယ်

ပူစီနံရွက်က အသားရေကို အမဲစက်တွေဖြစ်မလာအောင် ကာကွယ်ပေးနိုင်တဲ့ဓာတ်တွေကြွယ်ဝပါတယ်။ နေရောင်ခြည်ထိတွေ့မိကြောင့် ဖြစ်တဲ့ အသားရေပျက်စီးမှုကိုလည်း သက်သာစေပါတယ်။ အပြစ်အနာဆာကင်းပြီး ကြည်လင်ဝင်းပတဲ့အသားရေကိို ရချင်ရင်တော့ ပူစီနံရွက်အရည်ကို မွဲခြောက်တဲ့အသားရေမှာ လိမ်းပေးလို့ရပါတယ်။ တစ်လကို တစ်ကြိမ်လောက် သင့်အသားရေမှာ လိမ်းပေးနိုင်ပါတယ်။

Ref: Unknown benefits of mint in skincare


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top