ပါလက်စတိုင်းကို အကူအညီပေးနေတာတွေ ရပ်တန့်မယ်လို့ ခြိမ်းခြောက်လိုက်တဲ့ အမေရိကန်

trump-palestine.jpg

ပါလက်စတိုင်းနိုင်ငံအနေနဲ့ အစ္စရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေထဲမှာမပါဝင်ဘူးဆိုရင် ပါလက်စတိုင်းနိုင်ငံကိုပေးနေတဲ့အကူအညီတွေရပ်တန့် သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

ပါလက်စတိုင်းနိုင်ငံကိုပေးနေတဲ့ စီးပွားရေးအကူအညီ၊ လုံခြုံရေးအထောက်အပံ့တွေနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က ဆွေးနွေးမှုတွေလုပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ အမေရိကန်သမ္မတက ပါလက်စတိုင်းဟာ အမေရိကန်နိုင်ငံအပေါ် လေးစားမှုမရှိဘူးလို့ စွပ်စွဲထားပါတယ်။ ပါလက်စတိုင်းနိုင်ငံဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေထဲမှာ အမေရိကန်ကကြားဝင်စေ့စပ်တာကို ငြင်းဆန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဂျေရုဆလင်ကို အစ္စရေးနိုင်ငံမြို့တော်အဖြစ်အသိမှတ်ပြုခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်ကို ပါလက်စတိုင်းက စိတ်ဆိုးနေပါတယ်။ ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးသူဟောင်းဖြစ်တဲ့ Saeb Erekat က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ငွေကြေးနဲ့အရာရာတိုင်းကို ဝယ်လို့ရနိုင်ပေမယ့် ပါလက်စတိုင်းနိုင်ငံရဲ့ ကံကြမ္မာကိုတော့ ဝယ်လို့မရဘူးလို့ပြောထားပါတယ်။ ဆွတ်ဇာလန်နိုင်ငံ ဒါဗိုစ့်မြို့မှာကျင်းပနေတဲ့ စီးပွားရေးဖိုရမ်အတွင်း သမ္မတထရမ့်က အမေရိကန်နိုင်ငံဟာ ပါလက်စတိုင်းနိုင်ငံအပေါ်  တစ်နှစ်ကို ဒေါ်လာသန်းချီ အကူညီပေးခဲ့တယ်လို့ပြောခဲ့ပါတယ်။

ပါလက်စတိုင်းခေါင်းဆောင်တွေဟာ အခုသီတင်းပတ်အတွင်းမှာ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိခဲ့တဲ့ အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်ကို တွေ့ဆုံဖို့ငြင်းဆန်ခဲ့တာ လေးစားမှုမရှိကြောင်း ပြသခဲ့တယ်လို့ အမေရိကန်သမ္မတက စွပ်စွဲခဲ့ပါတယ်။ သူက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ကူညီထောက်ပံ့မှုကို ဆက်နွယ်တယ်လို့သဘောထားတဲ့ ပထမဆုံး အမေရိကန်သမ္မတလို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။ ပါလက်စတိုင်းက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးရေးလုပ်ငန်းတွေမှာ ပါဝင်မှုမရှိဘူးဆိုရင် စားပွဲပေါ်မှာရှိနေတဲ့ ငွေကြေးတွေကို ပါလက်စတိုင်းကိုပေးမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

Ref: BBC News: Trump threatens to stop aid to Palestinians

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top