ဗန်ဒိုက်ဂျ်ကို မင်း ဘာကောင်ပဲဖြစ်နေနေ စိတ်မဝင်စားဘူးလို့ ပြောခဲ့တဲ့ ရစ်ချာလီဆန်

29-7-2002-yyl-032.jpg

လီဗာပူးနဲ့ ကစားခဲ့တဲ့ မာဆေးဆိုက်ဒါဘီပွဲမှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဂျ်နဲ့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့အကြောင်းကို အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်က ထုတ်ပြောခဲ့ပါတယ်။ အဲဒီပွဲမှာ ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးဖို့ နီးစပ်နေချိန်မှာ အချိန်ဆွဲခဲ့တယ်လို့ ရစ်ချာလီဆန်က ဝန်ခံခဲ့ပြီး ဗန်ဒိုက်ဂျ်နဲ့ ဆွဲလားရမ်းလားဖြစ်ချိန်မှာ ” မင်းဘာသာမင်း ဘာကောင်ကြီးပဲဖြစ်နေနေ စိတ်မဝင်စားဘူး”လို့ ပြောခဲ့ပါတယ်။

ရစ်ချာလီဆန်က ဗန်ဒိုက်ဂျ်ကို ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးအဖြစ် လက်မခံနိုင်သူဖြစ်ပြီး ရီးရဲလ်နောက်ခံလူ ရာမို့စ်၊ ပီအက်စ်ဂျီနောက်ခံလူ သီယာဂိုဆေးလ်ဗား၊ မာကွင်ဟိုတို့က ဗန်ဒိုက်ဂျ်ထက် ပိုကောင်းတယ်လို့ ဆိုပါတယ်။ အဲဒီပွဲစဉ်မှာ ရစ်ချာလီဆန်က အချိန်ဆွဲပြီး ဂိုးမရှိ သရေပွဲအဖြစ် ထိန်းကစားနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အိုရီဂီရဲ့ပွဲချိန်နှောင်းပိုင်းသွင်းဂိုးကြောင့် လီဗာပူးအသင်း ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အကြိတ်အနယ်ဖြစ်ခဲ့တဲ့ အဲဒီပွဲစဉ်မှာ အိုရီဂီ ဂိုးသွင်းပြီး စိတ်လွတ်လက်လွတ် ကွင်းထဲပြေးဝင် အောင်ပွဲခံခဲ့တဲ့ လီဗာပူးနည်းပြ ဂျာဂန်ကလော့ကို ဒိုင်တွေက သတိပေးခဲ့ရပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top