ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အူစိန်ဘော့

photo3.jpg

ကမ္ဘာ့အမြန်ဆုံး လူသားအဖြစ် သတ်မှတ်ခံထားရတဲ့ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ဂျမေကာတာတိုအပြေးသမား အူစိန်ဘော့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြုခဲ့ပါတယ်။ အူစိန်ဘော့ဟာ မကြာသေးခင် အသက် ၃၄ နှစ်ပြည့်မွေးနေ့မှာ ပါတီပွဲကျင်းပခဲ့ပြီး အဲဒီပါတီပွဲကို မန်စီးတီးတောင်ပံကစားသမား စတာလင်၊ လေဗာကူဆင်တောင်ပံကစားသမား လီယွန်ဘိုင်လေတို့လည်း ပါဝင်ဆင်နွှဲခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ လီယွန်ဘိုင်လေကို အသွားအလာ ကန့်သတ်စောင့်ကြည့်ထားပြီး စတာလင်ကို ကျန်းမာရေးစစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိခဲ့ဘူးလို့ ဆိုပါတယ်။

အူစိန်ဘော့ဟာ ရောဂါလက္ခဏာ ပြသခြင်းမရှိဘဲ ရောဂါပိုးရှိနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ရင် ဘယ်သူ့ကိုမှ မျက်နှာသာပေး ဆက်ဆံမှာမဟုတ်ဘူးလို့ ဂျမေကာဝန်ကြီးချုပ်က သတိပေးထားပါတယ်။ အူစိန်ဘော့ဟာ နောက်ဆုံးကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲ ၃ ရပ်ရဲ့ မီတာ ၁၀၀၊ မီတာ ၂၀၀ တာတိုအပြေးပြိုင်ပွဲတွေမှာ ရွှေတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့သူပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top