အားလပ်ရက်မှာ ခြေထောက်လေးနူးညံ့သွားအောင် လုပ်ကြမယ်

24-3-2020-yyl-053.jpg

နွေရာသီမှာလည်း ကျွန်မတို့ရဲ့ခြေထောက်တွေကို ဂရုစိုက်ထိန်းသိမ်းဖို့ လိုပါတယ်နော်။ ကျွန်မတို့တွေက လက်ကိုသာ ဂရုစိုက်ထိန်းသိမ်းဖို့ အမှတ်ရနေကြတာ ခြေထောက်ကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ကျွန်မတို့ရဲ့ခြေထောက်တွေကို ဂရုစိုက်ထိန်းသိမ်းမှုမရှိဘဲ လျစ်လျူရှုထားမယ်ဆိုရင် ခြေထောက်အက်ကွဲကြမ်းတမ်းတာ၊ အသားရေခြောက်သွေ့တာတွေဖြစ်လာနိုင်ပါတယ်။ အချိန်မအားလို့ ခြေထောက်ကို ဂရုမစိုက်ဖြစ်ဘူးဆိုရင် ခြေထောက်လေးနူးညံ့သွားဖို့အတွက် အားလပ်ရက်မှာ ထိန်းသိမ်းဖို့အတွက် အိမ်တွင်းနည်းတွေကို မျှဝေပေးချင်ပါတယ်။

အရင်ဆုံးအခြေခံအချက်တွေနဲ့ စတင်လိုက်ရအောင်။ ကျွန်မတို့ မှတ်ထားရမယ့် ပထမဆုံးအရာက နေ့စဉ် ခြေထောက်ကို ဂရုစိုက်ပေးဖို့ပါပဲ။ သင့်ခြေထောက်ကို နူညံ့ချောမွေ့သွားစေချင်ရင် နေ့တိုင်း ချေးတွန်းကျောက်ခဲကို အသုံးပြုပေးသင့်ပါတယ်။

– ရေချိုးတဲ့အခါ ခြေထောက်က ဆဲလ်အသေတွေ ဖယ်ရှားဖို့အတွက် ချေးတွန်းကျောက်နဲ့ ခြေထောက်ကို ပွတ်တိုက်ပေးသင့်ပါတယ်။ ခြေထောက်ကို သန့်စင်ပေးပြီး ရေခြောက်သွားတဲ့အခါ moisturizer လိမ်းပေးသင့်ပါတယ်။

– ခြေထောက်ရေစိမ်မယ်ဆိုရင် ရေနွေးနွေးလေး အသုံးပြုပေးပါ။ ရေပူက သင့်အသားရေကို ခြောက်သွေ့စေနိုင်ပါတယ်။

– ခြေထောက်ကို scrub လုပ်တဲ့အခါ ပျားရည်၊ ဆား၊ သကြား၊ ကော်ဖီတို့ကို အသုံးပြုကြည့်ပါ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါရဲ့အသုံးဝင်ပုံတွေကို လူတော်တော်များများ သိထားကြပါတယ်။ မုန့်ဖုတ်ဆိုဒါက ခြေထောက်ကို နူးညံ့အောင်လုပ်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ ခြေထောက်ကို နူးညံ့စေဖို့ဆိုရင် လိုအပ်တဲ့အရာတွေက

– မုန့်ဖုတ်ဆိုဒါ (၃) ဆ

– ရေ (၁) ဆ

မုန့်ဖုတ်ဆိုဒါနဲ့ ရေတို့ကို ရောစပ်ပြီး ခြေထောက်မှာ အသုံးပြုလိုက်ပါ။ အဲဒီရောစပ်မှုနဲ့အတူ ခြေထောက်ကို နှိပ်နယ်ပေးလိုက်ပါ။ အသားရေက အရမ်းခြောက်သွေ့နေရင် ချွေးတွန်းကျောက်ခဲကို အသုံးပြုပေးပါ။ ပြီးသွားတဲ့အခါ ရေနွေးနွေးနဲ့ ခြေထောက်ကို သန့်စင်ပေးပြီး moisturizer လိမ်းပေးလို့ရပါတယ်။ နောက်တစ်နည်းက မုန့်ဖုတ်ဆိုဒါနဲ့ ခြေထောက်ရေစိမ်တာဖြစ်ပါတယ်။ ရေထဲကို မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း (၃) ဇွန်းထည့်ပြီး ရောမွှေလိုက်ပါ။ ပြီးနောက် ရောစပ်ထားတဲ့ရေထဲကို (၁၀) မိနစ်လောက် ခြေထောက်ကို ရေစိမ်ထားလိုက်ရမှာဖြစ်ပါတယ်။ အဲဒီနောက် ရေနဲ့ သန့်စင်လိုက်ပြီး မိမိကြိုက်နှစ်သက်တဲ့ ခြေထောက်လိမ်းခရင်မ်ကို လိမ်းပေးနိုင်ပါတယ်။

ပျားရည်

ပျားရည်ကလည်း ခြေထောက်ကို နူးညံ့စေပြီး ရေဓာတ်ထိန်းပေးနိုင်စွမ်းရှိပါတယ်။ ခြေထောက်နူးညံ့သွားဖို့ဆိုရင် ပျားရည်နဲ့ ခြေထောက်ကို scrub လုပ်ပေးလို့ရပါတယ်။

– အညိုရောင်သကြား (ခွက် လေးပုံတစ်ပုံ)

– အုန်းဆီ (စားပွဲတင်ဇွန်း (၂) ဇွန်း)

– ပျားရည် (စားပွဲတင်ဇွန်း (၂) ဇွန်း)

– ပူစီနံအဆီ (၃ စက်)

ပါဝင်ပစ္စည်းတွေအားလုံးကို ပန်းကန်လုံးထဲမှာ နှံံ့စပ်အောင်ရောစပ်လိုက်ပြီး ခြေထောက်တစ်ခုလုံးကို ပွတ်လိမ်းနှိပ်နယ်ပေးလိုက်ပါ။ အဲဒီနောက်မှာ ခြေထောက်ကို ရေနဲ့သန့်စင်ပြီး ခရင်မ်တစ်ခုခုလိမ်းပေးလိုက်ရမှာဖြစ်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးက ခြောက်သွေ့တဲ့ခြေထောက်တွေအတွက် အသုံးဝင်ပါတယ်။ ငှက်ပျောသီးက အမီနိုအက်ဆစ်နဲ့ ဗီတာမင်ဓာတ်တွေပါဝင်ပြီး အသားရေကို နူးညံ့စေပါတယ်။ ငှက်ပျောသီးနဲ့ ခြေထောက်ကို နူးညံ့စေတဲ့ နည်း (၂) နည်းရှိပါတယ်။

(၁) ငှက်ပျောသီးမှည့်ကို မွှကြေလိုက်ပြီး ခြေထောက်မှာ mask အနေနဲ့ လိမ်းလိုက်ကာ မိနစ် (၂၀) လောက် ဒီအတိုင်းထားလိုက်ပါ။ အဲဒီနောက် ရေနွေးနွေးနဲ့ သန့်စင်ပေးလိုက်ရုံပါပဲ။

(၂) ငှက်ပျောသီးကြိုက်ရင်တော့ငှက်ပျောသီးစားလိုက်ပြီး ငှက်ပျောခွံကိုတော့ ခြေထောက်အတွက် အသုံးပြုလိုက်ပါ။ ခြေထောက်တစ်ခုလုံးကို ငှက်ပျောသီးခွံရဲ့အတွင်းသားနဲ့ မိနစ် (၂၀) လောက် ပွတ်တိုက်ပေးပါ။ ပြီးရင် ခြေထောက်ကို သန့်စင်လိုက်ပြီး ရေခြောက်သွားအောင် လုပ်လိုက်ရမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပက်ဂျယ်လ်

ရှားစောင်းလက်ပက်ဂျယ်မှာ အသုံးဝင်တဲ့ ဂုဏ်သတ္တိများစွာရှိတယ်ဆိုတာ သိထားကြပါတယ်။ ရှားစောင်းလက်ပက်ဂျယ်လ်ကို ခြေထောက်မှာ ရေချိုးပြီးတဲ့အခါမှာ အသုံးပြုပေးလို့ရပါတယ်။ ရှားစောင်းလက်ပက်နဲ့ ခြေထောက်ရေစိမ်လို့ရသလို Scrub လုပ်ပေးလို့လည်း ရပါတယ်။ ဂျယ်လ်က ခြေထောက်ကို ရေဓာတ်ထိန်းပေးတဲ့အပြင် ခြေထောက်ကို နူးညံ့စေပါတယ်။ ရှားစောင်းလက်ပက်ကို ခြေထောက်မှာ လိမ်းပြီးသွားရင် ချည်သားခြေအိတ်ကို ဝတ်ဆင်ပြီး အိပ်စက်လိုက်ရုံပါပဲ။

Ref: How to Get Baby Soft Feet at Home With Simple Ingredients

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top