ရော်နယ်ဒိုက ပြီးပြည့်စုံလုနီးပါးဖြစ်ပေမဲ့ ရိုးရှင်းပြီး မှော်ဆန်တဲ့ မက်ဆီကို ပိုကြိုက်တယ်လို့ လီဗာပူးနည်းပြ ပြော

13-5-2020-yyl-016.jpg

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုက ပြီးပြည့်စုံလုနီးပါး ကစားသမားတစ်ယောက်ဖြစ်ပေမဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ပိုကြိုက်တယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။ Ballon d’Or ဆု ၆ ကြိမ် ဆွတ်ခူးထားတဲ့ မက်ဆီနဲ့ Ballon d’Or ဆု ၅ ကြိမ် ဆွတ်ခူးထားတဲ့ ရော်နယ်ဒိုတို့ဟာ ဘောလုံးသမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံး ကစားသမား ၂ ယောက်အဖြစ် သတ်မှတ်ခံထားရပြီး ဘယ်သူ ပိုကေင်းလဲဆိုတဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေဆဲပါပဲ။ ရော်နယ်ဒိုရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းအောင် ဖန်တီးမှုက အထင်ကြီးစရာဖြစ်ပေမဲ့ မက်ဆီက သက်သောင့်သက်သာပုံစံမျိုးနဲ့ မှော်ဆန်တဲ့ ခြေစွမ်း ထုတ်ပြနိုင်တယ်လို့ ဂျာဂန်ကလော့က ပြောပါတယ်။

” ကျွန်တော်ကတော့ မက်ဆီကို ရွေးပါတယ်။ ရော်နယ်ဒိုကိုလည်း လေးစားရင်းစွဲ ရှိပြီးသားပါ။ သူတို့နှစ်ယောက်လုံးနဲ့ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကစားဖူးတယ်။ နှစ်ယောက်လုံးကို တားဆီးဖို့ မဖြစ်နိုင်သလောက်ပဲ။ ဒါပေမဲ့ မက်ဆီကတော့ မွေးကတည်းက ရုပ်ပိုင်းဆိုင်ရာ အားနည်းခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ပြည့်စုံတဲ့ ကစားသမားတစ်ယောက်ဖြစ်လာချင်ရင်တော့ ရော်နယ်ဒိုလို အရပ်အမောင်းရှိရမယ်။ သူ့ကို ခုန်နိုင်ရမယ်။ သူ့လောက် မြန်မြန်ပြေးနိုင်ရမယ်။ ပြီးတော့ သူ့လို စိတ်သဘောထားလည်း ရှိရမယ်။ သူ့ရဲ့ စိတ်သဘောထားက ပြီးပြည့်စုံပြီး အရမ်းပရော်ဖက်ရှင်နယ်ဆန်ပါတယ်။ ဒီထက် ပိုကောင်းအောင် မစွမ်းဆောင်နိုင်လောက်ပါဘူး။ တခြားတစ်ဖက်မှာတော့ အားလုံးကို ရိုးရိုးရှင်းရှင်း လုပ်ပြနေတဲ့ လူညှက်ကလေး မက်ဆီရှိပါတယ်။ ကွင်းထဲက ကစားသမားတစ်ယောက်အနေနဲ့ဆိုရင် မက်ဆီကို မဆိုသလောက် ပိုကြိုက်ပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုကတော့ တကယ့်ကို မယုံနိုင်စရာ ကစားသမားမျိုးပါ” လို့ ဂျာဂန်ကလော့က ပြောပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top