ကိုရိုနာဗိုင်းရပ်စ် လူနာသစ်ထပ်တွေ့တဲ့အတွက် ဝူဟန်မြို့နေထိုင်သူ (၁၁) သန်းကို ရောဂါပိုးစစ်ဆေးဖို့စီစဉ်နေ

13-5-2020-yyl-019.jpg

ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ထပ်တွေ့နေတဲ့အတွက် လက်ရှိမှာ မြို့နေသူ (၁၁) သန်းကို ရောဂါပိုးစစ်ဆေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါကို ဘယ်လိုရည်ရွယ်ပြီးလုပ်သလဲဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ ခရိုင်အစိုးရက မြို့နေထိုင်သူတွေကို ဘယ်လိုစစ်ဆေးမလဲဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်ကို တင်ပြဖို့ ၁၀ ရက်အချိန်ပေးထားတယ်လို့ The Paper သတင်းဌာနအရ သိရပါတယ်။

စီရင်စုတွေက သူတို့ကိုယ်ပိုင်အစီအစဉ်နဲ့ လုပ်ဆောင်နေကြစဉ်မှာ အာဏာပိုင်တွေက အသက်ကြီးတဲ့လူတွေနဲ့ လူဦးရေသိပ်သည်းတဲ့နေရာတွေကို အရင်ဆုံးအာရုံစိုက်မှတ်တမ်းတင်ထားဖို့ပါပဲ။ ကျောင်းတွေ၊ အလည်အပတ်နေရာတွေနဲ့ အများပြည်သူသုံးယာဉ်တွေပြန်ဖွင့်မှုကို တစ်လကျော်အကြာမှာ မြို့ရဲ့ပထမဆုံးကိုရိုနာဗိုင်းရပ်စ်လူနာသစ် ပေါ်ထွက်လာမှုက ဖျက်စီးပစ်လိုက်ပြီးတဲ့နောက်မှာ ဒီအစီအစဉ်ညွှန်ကြားချက်တွေ ပေါ်လာရတာဖြစ်ပါတယ်။ Dongxihu ခရိုင်မှာ ပိုးတွေ့လူနာသစ် (၆) ဦးတွေ့ရှိရတယ်လို့ သတင်းထွက်ရှိခဲ့ပါတယ်။ အဲဒီလူတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေကို ခြေရာခံကာ စုံစမ်းနေပြီး Lockdown ချထားပါတယ်။ တရုတ်နိုင်ငံက ရောဂါပိုးတွေ့ရှိသူများရာကနေ ရောဂါကို မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်သွားစဉ်မှာပဲ လူ (၁၁) သန်းကို ပိုးစစ်ဆေးဖို့ဆိုတာက အတော်လေး challenge ဖြစ်ပုံရပါတယ်။

အမေရိကန်နိုင်ငံက တစ်နေ့ကို (၃၀၀,၀၀၀) ဝန်းကျင် ရောဂါပိုးစစ်ဆေးနေပြီး ကပ်ရောဂါစတင်ကတည်းကဆိုရင် လူ (၉.၆) သန်းကို ရောဂါပိုးစမ်းသပ်ပြီးသွားပါပြီ။ ဒါက ကမ္ဘာပေါ်မှာ စစ်ဆေးမှုအမြင့်ဆုံးပါပဲ။ တရုတ်နိုင်ငံမှာတေ့ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက ဘယ်လောက် ရောဂါပိုးစစ်ဆေးခဲ့ပြီးပြီလဲဆိုတာကတော့ မရှင်းလင်းပါဘူး။ တရုတ်နိုင်ငံက ကပ်ရောဂါဖြစ်ပွားစေတဲ့ အဓိကနိုင်ငံဖြစ်ပေမဲ့လည်း တစ်နေ့ကို ရောဂါပိုးစစ်ဆေးတဲ့လူအရေအတွက်ကို ထုတ်ပြန်မထားပါဘူး။

လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၄,၃၄၂,၅၄၀) ဦး ၊ သေဆုံးသူ (၂၉၂၈၉၃) ဦးနဲ့ ပြန်လည်ကောင်းမွန်လာသူ (၁,၆၀၂,၄၇၆) ဦးရှိပါတယ်။

Ref: Wuhan now plans to test all 11 million residents after 6 new coronavirus cases were reported

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top