သေနတ်သမားတွေက သားဖွားဆေးရုံကို ဝင်ရောက်တိုက်ခိုက်လို့ ကလေး ၂ ယောက်အပါအဝင် ၁၃ ယောက် သေဆုံး

13-5-2020-yyl-018.jpg

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မြို့မှာရှိတဲ့ သားဖွားဆေးရုံကို သေနတ်သမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ယောက်၊ မိခင်တွေနဲ့ သူနာပြု ၁၁ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီသားဖွားဆေးရုံမှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့က လုပ်ဆောင်ပေးနေတဲ့ ကဏ္ဍတချို့ရှိပြီး ဝန်ထမ်းတချို့ကလည်း နိုင်ငံခြားသားတွေပါ။ ပြီးခဲ့တဲ့အင်္ဂါနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ ကလေးငယ် တော်တော်များများ အပါအဝင် လူ ၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဖဂန်နစ္စတန်နိုင်ငံ အရာရှိတွေက ပြောပါတယ်။

သေနတ်သမားတွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ ဆေးရုံအတွင်း လူ ၁၄၀ လောက်ရှိနေတယ်လို့ ဆေးရုံထဲကနေ ထွက်ပြေးလာတဲ့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။ သေနတ်သမားတွေက ရဲအရာရှိတွေလို ဝတ်ဆင်ပြီး ဆေးရုံထဲကို ဝင်လာကြတာလို့ ဆိုပါတယ်။ အာဖဂန်နစ္စတန်အထူးတပ်ဖွဲ့က နိုင်ငံခြားသားသုံးယောက် အပါအဝင် အမျိုးသမီးနဲ့ ကလေးငယ် ၁၀၀ ကို ကယ်တင်နိုင်ခဲ့တယ်လို့ အရာရှိတစ်ဦးက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ သေနတ်သမားတွေကြား အပြန်အလှန် ပစ်ခတ်မှုဟာ အချိန်တော်တော်ကြာမြင့်ခဲ့ပြီး သေနတ်သမားအားလုံးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top