Coke တစ်ဘူးယူလာမိလို့ ရော်နယ်ဒိုကို ရိုင်ယန်ဂစ်က နံရံမှာဆောင့်တွန်းပြီး ကြိမ်းမောင်းခဲ့ဖူး

5-5-2020-yyl-039.jpg

မန်ယူအသင်းမှာ ကစားနေချိန်အတွင်း မနက်စာစားပွဲကို Coke အအေးဘူး ယူလာမိလို့ ရော်နယ်ဒိုကို ရိုင်ယန်ဂစ်က နံရံမှာ ဆောင့်တွန်းပြီး ကြိမ်းမောင်းခဲ့ဖူးတယ်လို့ နော်ဝေတိုက်စစ်မှူးဟောင်း ဖော့တော့ဖ်က ပြောပါတယ်။ မန်ယူအသင်း လက်ရှိနည်းပြ ဆိုးလ်ရှားထံကနေ တစ်ဆင့်ကြားခဲ့တဲ့စကားကို ဖော့တော့ဖ်က ပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ်။

မနက်စာစားပွဲကို Coke တစ်ဗူးကိုင်ပြီး ရောက်လာတဲ့ ရော်နယ်ဒိုကို တွေ့ချိန်မှာ ရိုင်ယန်ဂစ်က ဆောင့်တွန်းပစ်ပြီး ” ဘယ်တော့မှ ဒီလိုထပ်မလုပ်နဲ့” လို့ ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အသက် ၁၈ နှစ်အရွယ်မှာ စပို့တင်းလစ္စဘွန်းကနေ မန်ယူကို ရောက်လာခဲ့သူဖြစ်ပြီး အဲဒီအချိန်တုန်းက ဘောလုံးယှဉ်လုတဲ့အခါ မကြာခဏ လဲကျလေ့ရှိပါတယ်။ အဲဒီအတွက် မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန်က လေ့ကျင့်ရေးကွင်းမှာ လူခွဲကစားတဲ့အခါ ရော်နယ်ဒိုကို ဝိုင်းကန်ကြဖို့ အသင်းသားတွေကို ခွင့်ပြုပေးခဲ့ပြီး ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှု ပိုကောင်းလာအောင် လုပ်ခဲ့ဖူးပါတယ်။ ရော်နယ်ဒိုဟာ ဒီနေ့အချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီး Ballon d’Or ဆု ၅ ကြိမ် ဆွတ်ခူးထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top