ဘိုလော့နာနဲ့ပွဲအပြီး စံချိန်သစ်တစ်ခု တင်နိုင်ခဲ့တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒို

23-6-2020-yyl-004.jpg

ဘိုလော့နာကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းယူခဲ့တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ စံချိန်သစ်တစ်ခု ပိုင်ဆိုင်ခဲ့ပြန်ပါပြီ။ ပထမပိုင်းပွဲချိန်မှာ ပင်နယ်တီကနေ ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုဟာ စီးရီးအေပြိုင်ပွဲသမိုင်းမှာ ဂိုးသွင်းအများဆုံး ပေါ်တူဂီကစားသမားဖြစ်တဲ့ ရူအီကော်စတာရဲ့ စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။ ဘိုလော့နာဘက်ကို သွင်းယူတဲ့ဂိုးဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ရော်နယ်ဒိုရဲ့ ၂၂ ဂိုးမြောက်သွင်းဂိုး ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဂျူဗင်တပ်ကနေ ရီးရဲလ်ကို ပြောင်းရွှေ့လာတဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်အတွက် စီးရီးအေသွင်းဂိုး ၂၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ၂ ရာသီပေါင်း စီးရီးအေသွင်းဂိုး ၄၃ ဂိုး ရှိလာခဲ့ပြီး ပေါ်တူဂီကွင်းလယ်လူဟောင်း ရူအီကော်စတာရဲ့စံချိန်ကို ချိုးခဲ့တာပါ။ ဖီအိုရင်တီးနား၊ အေစီမီလန်အသင်းတွေမှာ ကစားခဲ့တဲ့ ရူအီကော်စတာဟာ စီးရီးအေမှာ ၈ နှစ်ကြာ ကစားခဲ့တဲ့ကာလအတွင်း စီးရီးအေသွင်းဂိုး ၄၂ ဂိုး သွင်းယူခဲ့ပါတယ်။ ရော်နယ်ဒိုဟာ သူကစားခဲ့တဲ့ တခြားလိဂ်တွေမှာလည်း အလားတူစံချိန်တင်ထားသူပါ။ မန်ယူအတွက် ၁၉၆ ပွဲကစားပြီး ၈၄ ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ပေါ်တူဂီကစားသမားဖြစ်သလို လာလီဂါပြိုင်ပွဲမှာလည်း ၂၉၂ ပွဲကစားပြီး ၃၁၁ ဂိုးသွင်းနိုင်ခဲ့လို့ ဂိုးသွင်းအများဆုံး ပေါ်တူဂီကစားသမားအဖြစ် စံချိန်တင်ခဲ့သူပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top