ထိပ်တန်းလိဂ်သမိုင်းတစ်လျှောက် တွက်ချက်မှုမှာ ရမှတ်အများဆုံးရယူနိုင်ခဲ့တဲ့ လီဗာပူးအသင်း

59230002_2355078194523087_2740896863854002176_n.jpg

၁၉၉၂ ခုနှစ်မှ ပရီးမီးယားလိဂ်ပြိုင်ပွဲလို့ စတင်ဖြစ်ပေါ်လာတဖြစ်ပေမဲ့ အင်္ဂလန်ထိပ်တန်းလိဂ်ပြိုင်ပွဲကတော့ (၁၃၁) နှစ်သက်တမ်းရှိနေပါပြီ။ အင်္ဂလန် ထိပ်တန်းလိဂ်ဘောလုံးပြိုင်ပွဲကို ၁၈၈၈ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး ကမ္ဘာစစ်ကာလတွေမှာ မဖြစ်မနေရပ်နားခဲ့ရတာကလွဲလို့ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါတယ်။ အင်္ဂလန်ထိပ်တန်းလိဂ်ပြိုင်ပွဲမှာ ပထမဆုံးဗိုလ်စွဲခဲ့တဲ့အသင်းက ပရက်စ်တန်နော့အန့် (Preston North End) ဖြစ်ပြီး မန်ယူကတော့ ချန်ပီယံဖလား အများဆုံးဆွတ်ခူးနိုင်ခဲ့တဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။

ဒါပေမဲ့ ထိပ်တန်းလိဂ်သမိုင်းတစ်ခုလုံးကို ပြန်ကြည့်ရင်တော့ လီဗာပူးက ရမှတ်အများဆုံးအဖြစ် ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ (၁၃၁) နှစ်အတွင်း အင်္ဂလန်ထိပ်တန်းလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေရဲ့ အနိုင်၊ အရှုံးရလဒ်တွေကို ပရိသတ်တစ်ယောက်က Reddit ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ လီဗာပူးဟာ အသင်းသမိုင်းတစ်လျှောက် ထိပ်တန်းလိဂ်ပြိုင်ပွဲမှာ ပွဲပေါင်း ၄၀၀၀ ကျော် ကစားခဲ့ရာမှာ ၁၉၃၄ ပွဲ အနိုင်ရခဲ့ပြီး ၆၈၃၃ မှတ် ရရှိခဲ့ပါတယ်။

သူတို့ရဲ့ရမှတ်စုစုပေါင်းဟာ ဒုတိယနေရာမှာရှိတဲ့ အာဆင်နယ်ထက် အမှတ် (၁၀၀) ပိုများနေပါတယ်။ လီဗာပူးအသင်းဟာ မဟာပြိုင်ဘက်တွေဖြစ်တဲ့ အဲဗာတန်နဲ့ မန်ယူတို့ကတော့ အဆင့် (၃) နဲ့ အဆင့် (၄) နေရာတွေမှာ ရပ်တည်နေပါတယ်။ အဲဗာတန်ဟာ အင်္ဂလန်အသင်းတွေထဲမှာ ထိပ်တန်းလိဂ်ပွဲစဉ် အများဆုံး ကစားခွင့်ရတဲ့အသင်းအဖြစ် စံချိန်တင်ထားပါတယ်။ အင်္ဂလန်ထိပ်တန်းလိဂ်ပြိုင်ပွဲမှာ ပွဲပေါင်း ၄၅၀၀ ကျော် ကစားခွင့်ရတာဆိုလို့ အဲဗာတန်တစ်သင်းပဲ ရှိပါတယ်။ အဲဗာတန်ဟာ ပွဲပေါင်း ၁၅၀၀ ကျော် ရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲအများဆုံးအသင်းအဖြစ်လည်း ရပ်တည်နေပါတယ်။ အဲဒီတွက်ချက်မှုအရ အက်စတွန်ဗီလာက အဆင့် (၅) နေရာမှာ ရပ်တည်နေပြီး မန်စီးတီး၊ စပါးနဲ့ ချဲလ်ဆီး၊ နယူးကာဆယ်၊ ဆန်းဒါးလန်းတို့ကလည်း ထိပ်ဆုံး (၁၀) သင်းစာရင်းမှာ အစဉ်လိုက် ရပ်တည်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top