ယူကရိန်းကို ကျူးကျော်နိုင်မယ့် အကြောင်းပြချက်ရှာဖို့ ရုရှား ပုံမှားရိုက်လိမ့်မယ်လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဆို

16-2-2022-yyl1.jpg

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နိုင်မယ့် အကြောင်းပြချက်ရှာဖို့ ရုရှားနိုင်ငံက ကျူးကျော်ရန်စမှုတွေ စီစဉ်နေတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ယူကရိန်းက တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ စွပ်စွဲနိုင်ဖို့အတွက် ရုရှားအေးဂျင့်တွေက ပုံမှားရိုက်မယ့် စစ်ဆင်ရေးတစ်ရပ် စီစဉ်နေကြောင်း ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဆိုပါတယ်။ ရုရှားနိုင်ငံကတော့ ဂျွန်ကာဘီရဲ့ စွပ်စွဲချက်တွေက အခြေအမြစ်မရှိဘူး၊ အတည်မပြုနိုင်တဲ့ကိစ္စတွေလို့ ငြင်းဆန်ခဲ့ပါတယ်။

ယူကရိန်းနယ်စပ်ရေးရာ တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး အမေရိကန်နဲ့ ရုရှားကြား သီတင်းတစ်ပတ်ကြာ ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက် ဂျွန်ကာဘီက အခုလို ပြောခဲ့တာပါ။” ကျွန်တော်တို့အခေါ် ပုံမှားရိုက်တဲ့ စစ်ဆင်ရေးတစ်ရပ်လုပ်ဖို့ အေးဂျင့်တစ်ခုက ကြိုတင်နေရာယူထားပါတယ်။ ရုရှားနိုင်ငံ (သို့) ယူကရိန်းနိုင်ငံမှာနေတဲ့ ရုရှားစကားပြောသူတွေ တိုက်ခိုက်ခံရတယ်ဆိုတဲ့ ပုံစံမျိုးပါ။ ကျူးကျော်နိုင်မယ့် အကြောင်းပြချက်တစ်ခုအဖြစ်နဲ့ပေါ့” လို့ ဂျွန်ကာဘီက ဆိုပါတယ်။

အဲဒီအေးဂျင့်တွေဟာ မြို့ပြစစ်ပွဲတွေအတွက် လေ့ကျင့်ထားသူတွေဖြစ်ပြီး ရုရှားနိုင်ငံအပေါ် ထောက်ခံတဲ့ လက်နက်ကိုင်တွေကို ဖောက်ခွဲရေးပစ္စည်းတွေ အသုံးပြု တိုက်ခိုက်လိမ့်မယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ယူကရိန်းအစိုးရဝက်ဘ်ဆိုက် ဒါဇင်ပေါင်းများစွာ ဆိုက်ဘာတိုက်ခိုက်ခံရမှုနောက်ကွယ်မှာ ရုရှားနိုင်ငံ ပါဝင်နေတယ်လို့ ပြီးခဲ့တဲ့သောကြာနေ့မှာ ယူကရိန်းက စွပ်စွဲခဲ့ပါတယ်။ ယူကရိန်းအစိုးရဝက်ဘ်ဆိုက်တွေ ကျမသွားခင် ” ယူကရိန်းပြည်သူတွေအနေနဲ့ အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့” သတိပေးတဲ့ ရေးသားမှုကို မြင်တွေ့ခဲ့ရပါတယ်။ ဝက်ဘ်ဆိုက်အများစုဟာ ကျသွားပြီး နာရီပိုင်းအတွင်းမှာပဲ ပြန်ဝင်လို့ ရခဲ့ပါတယ်။

အမေရိကန်နဲ့ နေတိုးအဖွဲ့က အဲဒီဆိုက်ဘာတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ယူကရိန်းနိုင်ငံကို ပံ့ပိုးမှုတွေ လုပ်ခဲ့ပါတယ်။ ရုရှားကတော့ အဲဒီဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးသေးပါဘူး။

Ref: BBC “Russia-Ukraine: US warns of ‘false-flag’ operation
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top