မျက်နှာအမွေးအမှင်တွေကို သဘာဝအလျောက် လျှော့ချနိုင်မယ့် နည်းလမ်းများ

15-1-2021-yyl01.png

မျက်နှာမှာ အမွေးအမှင်နည်းနည်းလေးရှိတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ တချို့အခြေအနေမှာ မဲနက်၊ ထူပိန်းနေတဲ့အမွေးအမှင်တွေက သင့်မျက်နှာမှာ ပေါ်လာနိုင်ပါတယ်။ ဒီစိတ်မချမ်းမြေ့စရာအခြေအနေကို Hirsutism (အမျိုးသမီးအမွေးထူခြင်း) လို့ ခေါ်ပါတယ်။ ဟော်မုန်းမညီမျှမှုကြောင့် မကြာခဏဖြစ်တတ်ပါတယ်။ ဖယောင်းနဲ့ အမွေးအမှင်ဖယ်ရှားတာ၊ လေဆာနဲ့ အမွေးအမှင်ဖယ်ရှားတာတွေက မလိုအပ်တဲ့အမွေးအမှင်တွေကို ဖယ်ရှားဖို့ ကူညီနိုင်ပေမဲ့ သဘာဝအလျောက် မျက်နှာက အမွေးအမှင်တွေကို လျှော့ချပေးနိုင်မယ့် နည်းလမ်းတချို့ရှိပါတယ်။

ပူစီနံရေနွေးကြမ်းကို သောက်ပေးပါ

ပူစီနံရေနွေးကြမ်းးက အနံ့နဲ့ အရသာကောင်းပြီး နဗ်ကြောတွေကို တည်ငြိမ်စေပါတယ်။ သင့်သွေးထဲ စီးဆင်းနေတဲ့ ယောက်ျားလေးဟော်မုန်းအရေအတွက်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ယောက်ျားလေးဟော်မုန်းတွေက မလိုအပ်တဲ့မျက်နှာအမွေးအမှင်တွေကို ဖြစ်စေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ယောက်ျားလေးဟော်မုန်းကို လျှော့ချပေးလိုက်တာက မလိုအပ်တဲ့အမွေးအမှင်သန်စွမ်းမှုကို လျှော့နည်းသွားစေနိုင်ပါတယ်။ တစ်နေ့ကို ပူစီနံရေနွေးကြမ်း (၂) ခွက်သောက်ပေးတာက မျက်နှာအမွေးအမှင်သန်စွမ်းမှုကို နှေးကွေးသွားစေနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။

လာဗင်ဒါအဆီနဲ့ လက်ဖက်ပင်အဆီ (Tea Tree) တို့ကို သုံးကြည့်ပါ

မရှိမဖြစ်အဆီတွေက အသက်အရွယ်မရွေး အလှအပအတွက် အသုံးပြုကြပါတယ်။ အဲဒီအထဲ တစ်ချို့က မလိုအပ်တဲ့မျက်နှာအမွေးအမှင်တွေအတွက် အတော်လေး အစွမ်းထက်ပါတယ်။ လာဗင်ဒါအဆီနဲ့ လက်ဖက်ပင်အဆီတွေကို လိမ်းပေးတာက အမွေးအမှင်ပမာဏကို လျှော့ချပေးနိုင်ပါတယ်။

အသွင်ပြောင်းဆီ (Trans fats) တွေကို ဖယ်ထုတ်ကြည့်ပါ

မုန့်တိုက်က အရသာရှိတဲ့ချောကလက်ကွတ်ကီးတွေက သင့်စိတ်ခံစားချက်ကို မြှင့်တင်ပေးကောင်းပေးနိုင်ပြီး သင့်ရဲ့စားချင်စိတ်ကို ဖြည့်စည်းပေးနိုင်ပါတယ်။ ဒါပေမဲ့ အသွင်ပြောင်ဆီပါဝင်မယ့် အခွင့်အရေးများပါတယ်။ အသွင်အပြင်ဆီပါဝင်တဲ့အစားအစာတွေကို ကိုလက်စထရောပမာဏကို တိုးစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေလည်း များစေပါတယ်။ ဒါ့အပြင် မလိုအပ်တဲ့အမွေးအမှင်သန်စွမ်းအောင်လည်း လှုပ်ဆော်ပေးနိုင်ပါတယ်။ အသွင်ပြောင်ဆီပါဝင်တဲ့အစားအစာတွေကို မစားသုံးတာက သင့်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါလိမ့်မယ်။

အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပေးပါ

လှုပ်လှုပ်ရှားရှားနေတာ၊ တက်တက်ကြွကြွနေတာက သင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် လုပ်ပေးနိုင်တဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုပါ။ တစ်နေ့ကို မိနစ် ၃၀ လောက် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပေးတာက သင့်ကိုယ်အလေးချိန်ကို ထိန်းချုပ်နိုင်သလို မျက်နှာအမွေးအမှင်တွေ ပေါက်မလာအောင်လည်း ထိန်းပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်များလွန်းတာကလည်း မျက်နှာအမွေးအမှင်တွေဖြစ်စေနိုင်တဲ့အတွက်ကြောင့်ပါ။ သင့်ခန္ဓာကိုယ်အလေးချိန်ကို ၅ ရာခိုင်နှုန်းလောက် လျော့ချလိုက်ရုံနဲ့ သင့်ဟော်မုန်းဓာတ်ကို ညီမျှစေနိုင်ပြီး မျက်နှာအမွေးအမှင်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ testosterone ဟော်မုန်းပမာဏမတိုးလာစေတဲ့ လေ့ကျင့်ခန်းမျိုးတော့ ရွေးချယ်သင့်ပါတယ်။

ရေများများသောက်ပေးပါ

ရေဓာတ်ပြည့်ဝတာကလည်း သင့်ကျန်းမာရေးနဲ့အလှအပအတွက် အရေးကြီးပါတယ်။ ရေလုံလုံလောက်လောက်သောက်တာက သင့်ရဲ့ဇီဝဖြစ်စဉ်ကို တိုးမြှင်‌စေပြီး သင့်အသားရေကို အချိန်အကြာကြီး နုပျိုနေ‌စေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် မျက်နှာအမွေးအမှင်သန်စွမ်းမှုကို ကာကွယ်ပေးတာ အပါအဝင် အခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ပေးစွမ်းပါတယ်။ တစ်နေ့ကို ရေ (၆-၈) ဖန်ခွက်သောက်သုံးပေးတာက အခြေအနေကို တိုးတက်အောင် ကူညီပေးနိုင်ပါတယ်။

Ref: Brightside “Ways to Naturally Prevent Facial Hair Growth”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top