ဒီယွန်တေးဝှိုက်ဒါနဲ့ပွဲမှာ တိုင်ဆန်ဖျူရီ အနိုင်ရအောင် ကူညီပေးချင်တယ်လို့ အန်သိုနီဂျိုရှုအာ ပြော

hotsport04.jpg

ဒီယွန်တေးဝှိုက်ဒါနဲ့ပွဲမှာ တိုင်ဆန်ဖျူရီ အနိုင်ရအောင် ကူညီပေးချင်တယ်လို့ အန်သိုနီဂျိုရှုအာက ပြောပါတယ်။ ဂျိုရှုအာဟာ ဒီဇင်ဘာလ အစောပိုင်းမှာ မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာ ကို အမှတ်နဲ့ အနိုင်ယူပြီး IBF၊ WBA၊ WBO၊ IBO ချန်ပီယံခါးပတ် လေးခု သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အန်သိုနီဂျိုရှုအာက တိုင်ဆန်ဖျူရီနဲ့ တွဲဖက်လေ့ကျင့်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီဟာ လာမယ့်ဖေဖော်ဝါရီလကျရင် အမေရိကန်လက်ဝှေ့သမား ဒီယွန်တေးဝှိုက်ဒါနဲ့ စိတ်မကျေပွဲ ထိုးသတ်ဖို့ ရှိပါတယ်။ ဒီယွန်တေးဝှိုက်ဒါနဲ့ပွဲမှာ တိုင်ဆန်ဖျူရီ အနိုင်ရအောင် ကူညီပေးချင်တယ်လို့ အန်သိုနီဂျိုရှုအာက ဆိုပါတယ်။ ဒါပေမဲ့ တိုင်ဆန်ဖျူရီနဲ့ တွဲဖက်လေ့ကျင့်ဖြစ်မယ်ဆိုရင်တော့ အနာဂတ်ကာလမှာ သူတို့(၂)ယောက် ထိုးဖြစ်တဲ့အခါ သူ အနိုင်ရစေမယ့် အထောက်အပံ့ ဖြစ်လာလိမ့်မယ်လို့ အန်သိုနီဂျိုရှုအာက ဆိုပါတယ်။

” ခင်ဗျား အကူအညီလိုချင်ရင်တော့ ကျွန်တော် အမြဲရှိပါတယ်။ ကျွန်တော့်အချိန်ဇယားနဲ့ လွတ်မယ်ဆိုရင်ပေါ့။ အင်္ဂလန်နိုင်ငံကို WBC ချန်ပီယံခါးပတ် ပြန်သယ်လာနိုင်အောင် ခင်ဗျားကို ကျွန်တော် ကူညီပေးနိုင်မှာ သေချာပါတယ်”လို့ အန်သိုနီဂျိုရှုအာက ဆိုပါတယ်။ အန်သိုနီဂျိုရှုအာရဲ့ နောက်လာမယ့်ပြိုင်ဘက်က ဘယ်သူဖြစ်မလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ အိုလက်ဆန်ဒါယူဆက်က WBO ချန်ပီယံခါးပတ်၊ ကူဘရက်ပူလက်ဗ်က IBF ချန်ပီယံခါးပတ်အတွက် စိန်ခေါ်နိုင်ဖို့ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top