အီရတ်ကနေ အမေရိကန်တပ်ဖွဲ့တွေ ဆုတ်ခွာမယ့်ကိစ္စအတွက် ကွဲလွဲမှုတွေဖြစ်နေ

yyl-001-2.jpg

အမေရိကန် စစ်ဗိုလ်ချုပ်ကြီးတစ်ယောက် ပေးပို့တဲ့ စာထဲမှာ အမေရိကန်တပ်ဖွဲ့တွေကို အီရတ်နိုင်ငံကနေ ဆုတ်ခွာမယ့်သဘောမျိုး ရေးသားထားပေမဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စပါက ဆုတ်ခွာမယ့်ကိစ္စကို ငြင်းဆန်ခဲ့ပါတယ်။ အီရတ်နိုင်ငံထဲကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးဖို့ အီရတ်လွှတ်တော်အမတ်တွေက တောင်းဆိုခဲ့ပြီးနောက် ထွက်ပေါ်လာတဲ့ စာအရ လာမယ့်ရက်ပိုင်း ဒါမှမဟုတ် သီတင်းပတ်အတွင်းမှာ အီရန်နိုင်ငံတပ်ဖွဲ့တွေကို ပြန်လည်နေရာချမယ်လို့ ရေးထားပါတယ်။ ဒါပေမဲ့ အီရတ်နိုင်ငံကနေ တပ်တွေ ဆုတ်ခွာဖို့ မဆုံးဖြတ်ရသေးဘူးလို့ မက်ခ်အက်စပါက ပြောပါတယ်။ အမေရိကန်မောင်းသူမဲ့ယာဉ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်မှာ အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီ သေဆုံးခဲ့ပြီးနောက်ပိုင်း အမေရိကန်တပ်ဖွဲ့တွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိနေချိန်မှာ တပ်တွေ ဆုတ်ခွာမယ်၊ မဆုတ်ခွာဘူးဆိုတဲ့ ကွဲလွဲမှု ပေါ်ပေါက်လာတာဖြစ်ပါတယ်။

အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် ဝီလျံအိတ်ဆီလီက ပူးတွဲစစ်ဆင်ရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး အဗ္ဗဒူအေမီရ်ထံ ပေးပို့တဲ့ စာထဲမှာ အမေရိကန်တပ်ဖွဲ့တွေကို အီရတ်နိုင်ငံထဲကနေ ဘေးမသီရန်မခ ရွပ်ရွပ်ချွန်ချွန်ပုံစံမျိုးနဲ့ ဆုတ်ခွာနိုင်စေဖို့အတွက် လေကြောင်းသွားလာမှု တိုးမြှင့်ရေးအပါအဝင် ညပိုင်းအချိန်တွေမှာ ဆောင်ရွက်သင့်တဲ့ စည်းမျဉ်းတွေကိုလည်း ဖော်ပြခဲ့ပါတယ်။ ဘဂ္ဂဒက်မြို့က လုံခြုံရေးတင်းကျပ်တဲ့ နိုင်ငံတကာဇုန်ထဲကို ညွှန့်ပေါင်းတပ်ဖွဲ့တွေ ပိုမိုစေလွှတ်မယ်ဆိုတဲ့ အယူအဆမျိုး မတွေးကြဖို့ စာထဲမှာ ရေးသားထားပါတယ်။ “အဲဒီစာ ဘာလဲဆိုတာ ကျွန်တော် မသိပါဘူး။ အဲဒီစာ ဘယ်က ထွက်လာလဲ၊ ဘာလဲဆိုတာ သိရဖို့ ကြိုးစားနေပါတယ်။ လက်ရှိအချိန်မှာ အီရန်နိုင်ငံကနေ ဆုတ်ခွာဖို့ ဆုံးဖြတ်ချက်မချရသေးပါဘူး”လို့ မက်ခ်အက်စပါက ပြောပါတယ်။ အမေရိကန်စစ်တပ်ရဲ့ ရာထူးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ပူးတွဲစစ်ဦးစီးချုပ်အဖွဲ့ ဥက္ကဋ္ဌ မက်ခ်မီလေကတော့ အဲဒီစာက မှားယွင်းမှုတစ်ခုလို့ ပြောပါတယ်။ အဲဒီစာဟာ စကားလုံး အထားအသို ညံ့ဖျင်းပြီး အကြမ်းဖျင်းရေးထားတဲ့စာဖြစ်သလို လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ အတွက် မထုတ်ပြန်သင့်တဲ့စာလို့ မက်ခ်မီလေက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top