ကမ္ဘာ့အကြီးဆုံးချောကလက်စက်ရုံမှာ အစာအဆိပ်သင့်စေတဲ့ပိုးတွေ့ရှိလို့ ထုတ်လုပ်မှု ရပ်ဆိုင်းထားရ

1-7-2022-01.jpg

ကမ္ဘာ့အကြီးဆုံးချောကလက်စက်ရုံမှာ salmonella ဘတ်တီးရီးယား (အစာအဆိပ်သင့်စေတဲ့ပိုး) တွေ့ရှိခဲ့ပြီးနောက် ချောကလက်ထုတ်လုပ်မှု ရပ်တန့်​လိုက်ရပါတယ်။ ဒီစက်ရုံက Hershey၊ Mondelez၊ Nestle နဲ့ Unilever အပါအဝင် နိုင်ငံစုံဖောက်သည်တွေဆီ ချောကလက်တွေ တင်သွင်းနေတာပါ။ ဆွစ်ဇလန်ကုမ္ပဏီကြီး Barry Callebaut က ဒီစက်ရုံကို ဘယ်လ်ဂျီယမ်နိုင်ငံ၊ Weize မြို့လေးမှာ လည်ပတ်ပြီး ဖောက်သည် ၇၃ ဦးအတွက် ချောကလက်အရည်တွေ ထုတ်လုပ်ပြီး လက်ကားရောင်းချနေတာပါ။

မသန့်ရှင်းတဲ့ ချောကလက်ကို လက်ခံရရှိတဲ့ ဖောက်သည်တွေအားလုံးကို အဆက်အသွယ်လုပ်ရလိမ့်မယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေအားလုံးကို ပိတ်ပင်ထားပြီး Wieze မှာ ချောကလက်ထုတ်လုပ်မှုကို နောက်ထပ်သတိ​ပေးချက်မထုတ်ပြန်မချင်း ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ မသန့်ရှင်းဘူးဆိုတဲ့ ထုတ်ကုန်တွေအားလုံးက စက်ရုံမှာ ရှိနေသေးတယ်လို့ Barry Callebaut ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကုမ္ပဏီက ဖောက်သည်တွေအားလုံးကို ဆက်သွယ်ထားပြီး Wieze ​စက်ရုံကနေ ဇွန်လ ၂၅ ရက်နေ့ကတည်းက ဝယ်ယူခဲ့တဲ့ ချောကလက်ရည်နဲ့ ပြုလုပ်ထားတဲ့ ချောကလက်ထုတ်ကုန်တွေကို မတင်ပို့ဖို့ တောင်းဆိုခဲ့ပါတယ်။
Wieze စက်ရုံက ချောကလက်တွေလုပ်ပြီး စာသုံးသူတွေဆီ ​တိုက်ရိုက်ရောင်းတာမဟုတ်ပါဘူး။ စက်ရုံက ချောကလက်အရည် လက်ကားရောင်းခဲ့တဲ့ ဖောက်သည်တွေ လုပ်တဲ့ မသန့်ရှင်းတဲ့ ထုတ်ကုန်တွေက ဆိုင်တွေပေါ်ရောက်ပြီးသွားပြီလို့ မယုံကြည်ကြောင်း ကုမ္ပဏီက ပြောပါတယ်။

ဘယ်လ်ဂျီယံရဲ့ စားနပ်ရိက္ခာဘေးကင်းရေးအေဂျင်စီ AFSCA ကို အကြောင်းကြားထားပြီး စုံစမ်းစစ်ဆေးမှုလုပ်မှာဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးမှုကာလက ၃ လကြာမြင့်မှာဖြစ်ပါတယ်။ Barry Callebaut က ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နှစ်စဥ်ရောင်းအားတန်ချိန် ၂.၂ သန်းနဲ့ ကမ္ဘာ့နံပါတ်တစ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်တွေအတွင်း ဇူးရစ်မြို့မှာ ရုံးချုပ်တည်ရှိတဲ့ Barry Callebaut က အမြတ်ငွေအားဖြင့် ဆွစ်ဇလန် ဖရန့်ငွေ ၃၈၄.၅ သန်း ကိုရရှိခဲ့ပါတယ်။ ဝန်ထမ်း ၁၃၀၀၀ ကျော် ခန့်ထားပြီး ကမ္ဘာတစ်ဝှမ်းမှာ ထုတ်လုပ်ရေးဆိုဒ် ၆၀ ကျော်ရှိပါတယ်။

Ref: CBSNews & Metro “Salmonella found in world’s biggest chocolate plant”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top