ထိုက်သင့်တဲ့ ကမ်းလှမ်းမှုရရင် နေမာကို ရောင်းမယ်လို့ ပီအက်စ်ဂျီဥက္ကဋ္ဌ ပြော

66695110_2471849306179308_6666157785945735168_n.jpg

ထိုက်သင့်တဲ့ကမ်းလှမ်းမှုရရင် နေမာကို အသင်းပြောင်းခွင့်ပေးမယ်လို့ ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက ပြောပါတယ်။ ပီအက်စ်ဂျီက နေမာအပေါ် သည်းခံနိုင်စွမ်း နည်းလာပြီဆိုတာကို လီယိုနာဒိုရဲ့စကားလုံးတွေက သက်သေခံနေပါတယ်။ ” အားလုံးအတွက် ထိုက်သင့်တဲ့ကမ်းလှမ်းမှုရရင် ပီအက်စ်ဂျီကနေ နေမာ ထွက်ခွာနိုင်ပါတယ်။ လောလောဆယ်တော့ သူ့ကို အသင်းတစ်သင်းသင်းက ခေါ်ချင်သလား၊ သူ့ပြောင်းရွှေ့ကြေးကို သိချင်နေလားဆိုတာ မသိပါဘူး။ ဒီကိစ္စအားလုံးကို နေ့ချင်းပြီး ဖြေရှင်းလို့မရတာတော့ သေချာပါတယ်”လို့ လီယိုနာဒိုက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက ”နေမာ အသင်းပြောင်းချင်နေတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီက သူ့ကို မရောင်းချင်ဘူးဆိုတာလည်း ကျွန်တော်တို့ သိပါတယ်”လို့ ပြောခဲ့ပါတယ်။ နေမာဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ပီအက်စ်ဂျီအသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်ကို ရောက်လာခြင်းမရှိပါဘူး။ နေမာဟာ ဇူလိုင်လ (၈) ရက်နေ့အထိပဲ ခွင့်ရက်ရထားတာပါ။ နေမာအတွက် ဘာစီလိုနာက ဆက်သွယ်မှု ရှိ၊ မရှိ မေးမြန်းရာမှာ ဆက်သွယ်မှုရှိပေမဲ့ ကမ်းလှမ်းမှုမရသေးဘူးလို့ လီယိုနာဒိုက ပြောပါတယ်။ ဘာစီလိုနာဟာ နေမာကို ပြန်ခေါ်ဖို့အတွက် ငွေကြေးအခက်အခဲ ရှိနေပြီး ကစားသမားတချို့ ရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။ နေမာကို ပြန်ခေါ်မယ်ဆိုရင် ကော်တင်ဟိုနဲ့ အလဲအထပ်လုပ်ပြီး ဒမ်ဘီလီကိုလည်း ရောင်းထုတ်ဖို့ လိုအပ်ပါတယ်။ ပီအက်စ်ဂျီဥက္ကဋ္ဌ ဘာတိုမြူကတော့ နေမာထက် ဒမ်ဘီလီက ပိုကောင်းတယ်လို့ ပြောထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top