Samsung နှင့် KBZPay Shopper Loan တို့ပူးပေါင်းပြီး Samsung စမတ်ဖုန်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား အတိုးမဲ့ဝယ်ယူနိုင်ပြီဖြစ်သည်

Photo.jpg

Samsung Electronics သည် မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ် ဝန်ဆောင်မှုတစ်ခုဖြစ်သည့် KBZPay နှင့် လက်တွဲကာ သုံးစွဲသူများ Samsung အမှတ်တံဆိပ် မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ် ပစ္စည်းများအား ဝယ်ယူရာတွင် ပိုမို အဆင်ပြေလွယ်ကူမှု ရှိစေရန် အစီအစဉ်တစ်ခု စတင် ဆောင်ရွက်လိုက်သည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုအရ သတ်မှတ်ထားသော နောက်ဆုံးပေါ် Samsung အမှတ်တံဆိပ် ထုတ်ကုန်များအား ဝယ်ယူရာတွင် KBZPay မိုဘိုင်းအက်ပလီကေးရှင်းအတွင်းရှိ ပထမဦးဆုံးသော ဒစ်ဂျစ်တယ်ချေးငွေ ဝန်ဆောင်မှုဖြစ်သည့် KBZPay Shopper Loan အား အသုံးပြု၍ 0% အတိုးနှုန်း (အတိုးမဲ့) ဖြင့် ဝယ်ယူသွားနိုင်မည် ဖြစ်သည်။

မည်သည့်အခြေအနေမျိုးတွင်မဆို သုံးစွဲသူများ အတွက် စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေမည့် ဝန်ဆောင်မှုများအား ပေးအပ်နိုင်ရန်ဟူသော Samsung ၏ ရည်ရွယ်ချက်နှင့်အညီ ယခုမိတ်ဆက်လိုက်သည့် လစဉ်ငွေပေးချေမှု အစီအစဉ်အားအသုံးပြု၍ သုံးစွဲသူများအနေနှင့် ၎င်းတို့ နှစ်သက်ရာ Samsung စမတ်ဖုန်းများ၊ တီဗွီများ၊ အဝတ်လျှော်စက်များနှင့် ရေခဲသေတ္တာများအား လက်ငင်းငွေပေးချေရန် မလိုအပ်ဘဲ 0% အတိုးနှုန်း (အတိုးမဲ့) ဖြင့် KBZPay မိုဘိုင်းအက်ပလီကေးရှင်း မှတဆင့် ဝယ်ယူသွားနိုင်မည်ဖြစ်သည်။ ထို့အပြင် KBZPay ဈေးဝယ်ချေးငွေအသုံးပြုခွင့် ရရှိပြီး သူများသည် အာမခံပေးသူ မလိုအပ်ဘဲ ၅,၀၀၀,၀၀၀ ကျပ်အထိ ချေးငွေရယူနိုင်မည်ဖြစ်သည့်အပြင် ဝယ်ယူသည့်ထုတ်ကုန် အပေါ် မူတည်၍ ၆ လ မှ ၁၂ လအထိ လစဉ်အရစ်ကျပြန်လည်ပေးသွင်းသွားနိုင်မည် ဖြစ်သည့်အတွက် သုံးစွဲသူများအနေဖြင့် အဆင်ပြေလွယ်ကူမှု အပြည့်အဝရရှိမည်ဖြစ်သည်။

KBZPay ဈေးဝယ်ချေးငွေ လျှောက်ထားလိုသူများ အနေနှင့် လစဉ်ဝင်ငွေ အနည်းဆုံး ၁၅၀,၀၀၀ ကျပ်ရှိသူ ဖြစ်ရန် လိုအပ်ပြီး နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ (၁ လ ထက် မကျော်သော)၊ ၊ မီတာစာရွက်၊ လစာစလစ် (သို့) HR မှ လွန်ခဲ့သော ၃ လအတွင်း လစာ ထောက်ခံချက်၊ သင်မှတ်ပုံတင်ထားသည့်လိပ်စာမှ ရိုက်ကူးထားသည့် selfie (ယင်းကိုလျှောက်လွှာတင်သည့်အချိန်တွင် ဆောင်ရွက်ရမည်) စသည့် စာရွက်စာတမ်းများ နှင့်အတူ အွန်လိုင်းမှတဆင့် အလွယ်တကူ လျှောက်ထားနိုင်မည် ဖြစ်သည်။ ချေးငွေလျှောက်လွှာ စိစစ်ခြင်းသည် ပုံမှန်အားဖြင့် အစိုးရ ရုံးဖွင့်ရက် တစ်ရက်ခန့်သာ ကြာမြင့်လေ့ရှိပြီး ချေးငွေ အတည်ပြုချက် ရရှိပြီးသည်နှင့် တစ်ပြိုင်နက် KBZPay မိုဘိုင်းပိုက်ဆံအိတ်မှတဆင့် ဈေးဝယ်ချေးငွေ ဝန်ဆောင်မှုအား စတင်အသုံးပြုသွားနိုင်မည် ဖြစ်သည်။

KBZPay ဈေးဝယ်ချေးငွေ (KBZPay Shopper Loan) အား ယခုလက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ပုသိမ်၊ တောင်ကြီး မြို့များရှိ KBZPay အဆင့်(၂) အဖြစ်သို့မြင့်တင်ထားသော သုံးစွဲသူအားလုံး လျှောက်ထားနိုင်မည် ဖြစ်ကာ မကြာမီ အချိန်တွင် ကျန်ရှိနေသည့် နိုင်ငံတဝန်းမှ မြို့များတွင် ရရှိစေရန် လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။ သုံးစွဲသူများ အနေဖြင့် KBZPay မိုဘိုင်း အက်ပလီကေးရှင်း အား အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် လွယ်ကူစွာ ဒေါင်းလုတ် ရယူနိုင်မည်ဖြစ်သည်။ (Android- http://bit.ly/2RP3U0N) ၊ (IOS –https://apple.co/31igRU9)

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top