မီဂန် မာကယ်ကို ပွေ့ဖက်ပြီး တော်ဝင်ကျင့်ဝတ်ကို ချိုးဖောက်မိခဲ့လို့ မင်းသားဟယ်ရီကို တောင်းပန်ခဲ့တဲ့ ကျောင်းသားလေး

10-3-2020-yyl042.jpg

မီဂန် မာကယ်ဟာ တော်ဝင်မိသားစုဝင်အဖြစ် နောက်ဆုံးတာဝန်ကို ထမ်းဆောင်တဲ့အနေနဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အတွက် ဟောပြောဖို့ Robert Clack Upper School ကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီကျောင်းက ကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့ အယ်ကာ အိုကိုရီ က မီဂန်မာကယ် ကျောင်းကို ရုတ်တရက်ရောက်လာတဲ့အတွက် အပျော်လွန်ခဲ့ပြီး စင်ပေါ်တက်က မီဂန် မာဂယ်ကို ပွေ့ဖက်ခဲ့ပါတယ်။ အဲဒီလို ပွေ့ဖက်ခဲ့တာကြောင့် တော်ဝင်ကျင့်ဝတ်ကို ဖောက်ဖျက်သလို ဖြစ်စေခဲ့လို့ မင်းသားဟယ်ရီကို တောင်းပန်စကားဆိုခဲ့ပါတယ်။

အယ်ကာက မီဂန်ကို ပွေ့ဖက်ရင်းနဲ့ အတန်းဖော်တွေကို ပျော်ရွှင်စေခဲ့တဲ့ သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ မိုက်ခရိုဖုန်းကနေတဆင့် “သူမက တကယ်လှတယ်မလား” လို့ စိတ်လှုပ်ရှားစွာနဲ့ အတန်းဖော်တွေကို မေးခဲ့ပါတယ်။ သူက မီဂန်နဲ့ တွေ့ခွင်ရတာက သူ့ဘဝရဲ့အကောင်းဆုံးနေ့ဖြစ်ခဲ့တယ်လို့ ထုတ်ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ အယ်ကာက မီဂန် မာဂယ်ကို အပြင်မှာ မြင်တွေ့ရတဲ့အတွက် အံ့အားသင့်ခဲ့ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်မိခဲ့တယ်လို့ လက်ရေးစာစောင်နဲ့ဝန်ခံရင်း မင်းသားဟယ်ရီကို တောင်းပန်ခဲ့တာဖြစ်ပါတယ်။ “ချစ်လှစွာသော ဟယ်ရီနဲ့ မီဂန်..ဒီစာကို ရေးတာ ကျွန်တော့်ကို တစ်မျိုးမထင်ဘူးလို့ မျှော်လင့်မိပါတယ်။ ဟယ်ရီရဲ့ဇနီးကို ပွေ့ဖက်ခဲ့တဲ့အတွက် ကျွန်တော်ကို မညိုငြင်ဘူးလို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ကျောင်းကို အလည်လာတာ မြင်ပြီး အံ့အားသင့်ခဲ့ပြီး ဝမ်းမြောက်မိခဲ့လို့ပါ။ သူမရဲ့မိန့်ခွန်းတွေနဲ့ သူမရှေ့မှာ စကားပြောခွင့်ရတဲ့အတွက် ဝမ်းသာမိခဲ့ပါတယ်။ သူက တကယ်ကို စိတ်ဓာတ်ခွန်အားဖြစ်စေပါတယ်။ ပြီးခဲ့တဲ့နှစ်က Future Youth Zone ကို ဖွင့်ဖို့အတွက် ဟယ်ရီလာခဲ့တုန်းက ကျွန်တော် ကျောင်းမလာခဲ့တာကြောင့် မတွေ့ခဲ့ရပါဘူး။ တစ်နေ့ တွေ့ဆုံရမယ်လို့ မျှော်လင့်ပါတယ်။ အနာဂတ်မှာကံကောင်းပါစေ။ လေးစားလျက်” ဆိုပြီး ကျောင်းသားလေး အယ်ကာက ရေးသားခဲ့တာပါ။

မီဂန်မာဂယ် လာရောက်ခဲ့တာကို ကျောင်းသူ/ ကျောင်းသားတွေအားလုံးက ဝမ်းပန်းတသနဲ့ ကြိုဆိုခဲ့ကြပါတယ်။ “ကျွန်မ လာမှာကို သိခဲ့တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ အံ့အားသင့်သွားစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဒီနေ့ ဒီနေရာကို လာရောက်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကျွန်မလုပ်ချင်တဲ့အရာတွေကို တွေးလိုက်တဲ့အခါမှာ ကျွန်မအတွက် အနာဂတ်အမျိုးသမီးတွေနဲ့ အတူတူရှိဖို့သာ အရေးကြီးဆုံးပါပဲ။ အခုဒီနေရာမှာ လူငယ်အမျိုးသမီးတွေရော၊ အမျိုးသားတွေရောပါပဲ။ ဒီကျောင်းကို လာရတာက ကျွန်မအတွက် တော်တော်လေးကို အဓိပ္ပာယ်ရှိသွားပါပြီ” လို့ မီဂန်မာဂယ်က ကျောင်းကို လာရောက်ခဲ့စဉ်က ပြောကြားခဲ့ပါတယ်။

အယ်ကာကတော့ သူသာ ကောင်မလေးရှိရင် မီဂန်နဲ့ ပွေ့ဖက်ခဲ့တာကိုမြင်ပြီး ဘယ်လိုပြုမူမလဲမသိတဲ့အတွက် ဆင်ဂယ်ဖြစ်ရတာ ကောင်းတယ်လို့ ဆိုပါတယ်။

Ref: Schoolboy Writes Letter To Prince Harry Apologising For Breaking Royal Protocol When Hugging Meghan Markle

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top