မတ်လ (၃၁) ရက်နေ့က တရုတ်နိုင်ငံအရှေ့ပိုင်း၊ စီချွမ်ပြည်နယ်မှာ တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ တောမီးလောင်မှုမှာ လေပြင်းတိုက်ခိုက်မှုပါ ပေါင်းစပ်သွားတဲ့အတွက် မီးငြိမ်းသတ်ဖို့ရာ မီးသတ်သမားအင်အား (၁၀၀၀) လောက် သုံးခဲ့ရပါတယ်။
![](https://yoyarlay.com/wp-content/uploads/2019/04/lead_720_405.jpg)
ပြည်သူ့အကျိုးအတွက် အသက်ပေးဆပ်သွားခဲ့သူတွေထဲမှာတော့ မီးသတ်သမား (၂၇) ယောက် ပါသွားခဲ့ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2019/04/57257126_1309767549174988_8188055434121183232_n.jpg)
အဲဒီမီးသတ်သမားတွေရဲ့ အရိုးပြာကို မီးလောင်ပြင်ကနေ ဇာတိမြို့ဆီ ပြန်လည် သယ်ဆောင်လာခဲ့ပြီး တရုတ်သင်္ချိုင်းကန်တော့တဲ့ရက်မှာ သဂြိုဟ်ခဲ့ပါတယ်။ ဂန်ဆုပြည်နယ်က မီးသတ်သမား (၄) ဦးနဲ့ ချန်းဒူပြည်နယ်က မီးသတ်သမား (၃) ဦးကိုတော့ စစ်သင်္ချိုင်းမှာ မြှုပ်နှံခဲ့ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2019/04/56723962_1309767522508324_1460481174915776512_n.jpg)
![](https://yoyarlay.com/wp-content/uploads/2019/04/56966828_1309767482508328_246824224243580928_n.jpg)
ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ဒေသခံတွေက သင်္ချိုင်းကိုလာရောက်ပြီး အရိုအသေပေးခဲ့ကြပါတယ်။ သေဆုံးသူတွေကိုတော့ တိုင်းပြည်အကျိုးအတွက် အသက်ပေးသွားခဲ့သူတွေအဖြစ် အာဏာပိုင်တွေက တရားဝင်ကြေညာပေးခဲ့ပါတယ်။
Ref: CGTN ” Remain of firefighters who perished in forest fire return home”
Alice May (ရိုးရာလေး)