ပန်းပုပညာရှင်တစ်ဦးဟာ လွှစက် ဘယ်လိုအသုံးပြုရမလဲဆိုတာကို သူ့ဘာသူ သင်ယူပြီးနောက် လက်တွေ့ဆန်တဲ့ သစ်သားပန်းပုရုပ်တုတွေကို ထွင်းတုနေပါတယ်။ သူက အသက် ၅၃ နှစ်အရွယ် ဆိုင်မွန် ဘော့ဂျ်ဆိုသူပါ။
လွန်ခဲ့တဲ့ နှစ် ၃၀ က သူဟာ လွှစက်နဲ့ ရုပ်တုတွေ စထွင်းခဲ့တာပါ။ အခုဆိုရင် ဗြိတိန်နိုင်ငံတစ်ဝှမ်းမှာ သူ့ရဲ့ထူးခြားတဲ့ရုပ်တုတွေကို ထောင်ချီပြုလုပ်ပြီးတော့ ရောင်းချနေရပါပြီ။ ဆိုင်မွန်က သူ့ရဲ့ရှုပ်ထွေးဆုံးလက်ရာတွေကို ဖန်တီးဖို့အတွက် ၈ နာရီကြာ အလှည့်ကျအလုပ်လုပ်ဖို့ ၃ ရက်အထိ အချိန်ပေးရလေ့ရှိပါတယ်။ သူ့ရဲ့နာမည်အကြီးဆုံးဖန်တီးမှုကတော့ အသေးစိတ်အဆင့်ပေါ်မူတည်ပြီး ဒေါ်လာ ၁၅၀ အထက်ရရှိနိုင်တဲ့ ထွင်းထုထားတဲ့ ဇီးကွက်ရုပ်တွေပါပဲ။ သူ့ရဲ့အကြီးဆုံးလက်ရာက အမြင့် ၂၂ ပေရှိပြီး သူ့ရဲ့လက်ရာတချို့က တစ်ခုကို ဒေါ်လာ ၆၈၀၀ နဲ့ ဒေါ်လာ ၉၅၀၀ ကြားအထိရှိပါတယ်။

သူက ဒီအလုပ်ဟာ လွှဲစက်နဲ့လုပ်ရတာဖြစ်တဲ့အတွက် အန္တရာယ်များတယ်လို့ ဝန်ခံထားပါတယ်။ အစက သူဟာ ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ခဲ့တာပါ။ အဲ့ဒီနောက် သူ့အမေက မှိုပွင့်လုပ်ပေးလို့ရမလား တောင်းဆိုခဲ့တာပါ။ အရင်က လွှဲစက်နဲ့ ဘာမှမလုပ်ခဲ့ဖူးဘူး။ လွှစက်ကို သုံးတတ်ဖို့ တနင်္ဂနွေညနေ့တိုင်း အချိန်ကုန်ဆုံးခဲ့ရပါတယ်။ တစ်ပတ်အကြာမှာ အမေဖြစ်သူက ဖုန်းဆက်လာပြီး အမှာ ၅ ခု ရထားတယ်လို့ ပြောခဲ့တာပါ။
သူက မှိုပွင့် ၅ ခုလုပ်ခဲ့ပြီး အဲ့ဒီနောက် ဝက်ဝံရုပ်တစ်ခုလည်းလုပ်ခဲ့ပါတယ်။ ခင်းကျင်းပြသပြီးတော့ သူ လုပ်သမျှအားလုံးကု ရောင်းချခဲ့ပါတယ်။ ဝယ်ယူသူအားလုံးလည်း ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

အခုတော့ ပန်းပုရုပ်တုတွေကို ထွင်းခဲ့တာ နှစ် ၃၀ ရှိပါပြီ။ တစ်ပတ်ကို ပန်းပုရုပ်တု ၃ ခုလုပ်ဖို့ ရည်ရွယ်ထားတာပါ။ ရုပ်တုတစ်ခုချင်းစီကို Pyrenees တောင်တန်းကနေ တင်သွင်းလာတဲ့ Cedar သစ် (ဒါမှမဟုတ်) ဒေသတွင်း ဥယျာဉ်တွေက သစ်တွေနဲ့ ပြုလုပ်ပါတယ်။ လွှစက်ကို နာရီပေါင်းများစွာ သုံးရင် ကျောနာတာ၊ လက်ကောက်ဝတ်တွေ နာကျင်တာတွေတော့ဖြစ်ပါတယ်။
သူ့ကို ဘယ်တိရစ္ဆာန်တွေ ထွင်းထုရတာ အကြိုက်ဆုံးလဲလို့မေးတော့ ကြီးမားတဲ့အရာတွေကို ကြိုက်တယ်။ မဖြစ်နိုင်ဘူးလို့ လူတွေပြောတဲ့အရာတွေလို့ ဆိုင်မွန်က ဆိုထားပါတယ်။
Ref: Self-Taught Artist Carves Logs into Amazing Sculptures Using a Chainsaw
WL (ရိုးရာလေး)

