ဂျပန်မှာ ဓား၊ သေနတ်ကိုင် တိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံး

26.5.2023-yyl-6.jpg

ဂျပန်နိုင်ငံမှာ အမျိုးသားတစ်ယောက်က ဓား၊ ရိုင်ဖယ်သေနတ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။ သံသယရှိသူဟာ အသက် ၃၁ နှစ်အရွယ်အမျိုးသား အေအိုကီဖြစ်ပြီး နာကာနိုမြို့ လွှတ်တော်ဥက္ကဋ္ဌရဲ့ သားဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၅ မိနစ်အချိန်က နာဂါနိုမြို့မှာ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ဦးကို ဓားနဲ့လိုက်ထိုးခဲ့တယ်ဆိုတဲ့ အကြောင်းကြားမှုကို ရဲတပ်ဖွဲ့က ရရှိခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ ရှိနေသူတွေက ” မင်း ဘာလို့ ဒီအမျိုးသမီးကို ဓားနဲ့ထိုးရသလဲ” လို့ မေးမြန်းခဲ့ပြီး သံသယရှိသူကတော့ ” ငါ သတ်ချင်လို့ သတ်တာ” လို့ ပြန်ပြောခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် အရေးပေါ်အခြေအနေ တုံ့ပြန်လှုပ်ရှားဖို့ ရောက်ရှိလာတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ယောက်ကို သံသယရှိသူက အမဲလိုက်ရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့တာပါ။ စတုတ္ထမြောက် သေဆုံးသူကတော့ အမျိုးသမီးကြီးတစ်ဦး ဖြစ်ပါတယ်။ သံသယရှိသူက ဘာကြောင့် ဒီလိုကျူးလွန်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

သံသယရှိသူဟာ သူ့အဖေရဲ့နေအိမ်ထဲမှာ နာရီပေါင်းများစွာကြာ ခိုလှုံနေခဲ့ပြီး ဂျပန်ရဲတပ်ဖွဲ့က အဲဒီအိမ်တစ်ဝိုက် ၃၂၈ ကိုက်အတွင်း မဝင်ရဇုန်အဖြစ် သတ်မှတ်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သံသယရှိသူက အိမ်ပြင်ထွက်လာပြီး အဖမ်းခံခဲ့တာပါ။

ဂျပန်နိုင်ငံမှာ သေနတ်ကိုင် အကြမ်းဖက်တိုက်ခိုက်တဲ့ဖြစ်ရပ်မျိုး အလွန်ရှားပါးပြီး သေနတ်ဝယ်ချင်သူတွေဟာ စိတ်ကျန်းမာရေးစစ်ဆေးမှုနဲ့ စာမေးပွဲတွေ ဖြေဆိုရပါတယ်။ ဒါပေမဲ့ လေသေနတ်နဲ့ ပြောင်းတိုသေနတ်တွေပဲ ဝယ်ယူခွင့် ပြုတာပါ။

Ref: Nagano: Rare gun and knife attack in Japan leaves four dead

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top