သခင်ဖြစ်သူ ဆေးရုံတတ်နေစဉ်အတွင်း ဘေးကနေမခွာဘဲ ရှိနေခဲ့တဲ့ ကုထုံးခွေးလေး

3.2.2023-image-၁၀-1.jpg

ခွေးတွေက လူသားတွေအတွက် ချစ်စရာအကောင်းဆုံးနဲ့ သစ္စာအရှိဆုံးအဖော်တွေပါ။ သူတို့ချစ်တဲ့သူတွေရဲ့ဘေးကနေ ထွက်မသွားဘူးဆိုတာကို ဒီဖြစ်ရပ်ကလည်း သက်သေပြနေပါတယ်။ ခွေးလေးတစ်ကောင်က ဆေးရုံတက်နေတဲ့ အမျိုးသားရဲ့ဘေးကနေ ထွက်မသွားဘဲ အနီးနားကပ်နေခဲ့တာပါ။ အဲဒီအမျိုးသားက ဘရီယန် ဘန်ဆန်ဆိုသူဖြစ်ပြီး ခန္ဓာကိုယ်အနှံ့အပြားဆီ သွေးရောက်ဖို့ နှလုံးကို ခက်ခဲစေတဲ့ နှလုံးကြွက်သား ထူလာခြင်းကြောင့် နှလုံးကြီးခြင်းရောဂါကို ခံစားနေရတာပါ။

ဘန်ဆန်က ရင်ဘတ်အအီမသာဖြစ်တာနဲ့အသက်ရှုရခက်တာတွေ ကြုံတွေ့ရပြီးနောက် ဒီရောဂါဖြစ်မှန်း သိခဲ့ရတာပါ။ သူက ၃၅ နှစ်လုံး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ခဲ့တယ်၊ ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသောက်ခဲ့ပေမဲ့ မိသားစုမှာ ဒီလိုရောဂါမျိုးရိုးရှိတဲ့အတွက် ဒီရောဂါဖြစ်ခဲ့တာပါ။ ကုသမှုခံယူစဉ်အတွင်း သူ့ရဲ့ကုထုံးခွေးလေးမာဂနက်က သူ့ဘေးမှာ တစ်ချိန်လုံးရှိနေပေးခဲ့တာပါ။

ဘန်ဆန်နဲ့ သူ့ရဲ့ခွေးလေး မာဂနက်တို့ရဲ့ဆက်ဆံရေးကို ပြသနေတဲ့ ဗီဒီယိုကလည်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တာပါ။ အခုဆို အဲဒီဗီဒီယိုက ကြည့်ရှုသူ သန်းချီနေပါပြီ။ (၆) နှစ်အရွယ် မာဂနက်က သူ့သခင်ရဲ့ဆေးရုံကုတင်ဘေးမှာ ရှိနေခဲ့ပြီး သူ့သခင်သွားတဲ့နေရာတိုင်း နောက်ကလိုက်နေခဲ့တာပါ။ ဆေးရုံက သူ့ကို အဖော်ပြုပေးဖို့ သူ့ခွေးလေးကို ခွင့်ပြုပေးထားတယ်လို့ ဘန်ဆန်က ပြောပါတယ်။

မာဂနက်က သူ့ကို လက်ရှိအခြေအနေကြီးကို မေ့ပျောက်ပြီး စိတ်သက်သာရာရစေဖို့ အကောင်းဆုံးလုပ်ပေးခဲ့တယ်။ သူ့ကို ဘယ်အချိန်မှာ ပွေ့ဖက်ထားရမလဲဆိုတာ သိတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ပြုံးရယ်အောင်နဲ့သူ့ရဲ့ကလေးတွေကို စိတ်တည်ငြိမ်အောင်လည်း မာဂနက်က လုပ်ပေးခဲ့တယ်လို့ ဘန်ဆန်က ဆိုပါတယ်။

Ref: Service dog refuses to leave man’s side during his hospital stay. No one else was allowed to stay

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top